DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် တရက်တည်း ကိုဗစ်လူနာသစ် ၁၄၃  ဦး စံချိန်တင်တွေ့ရှိ
DVB
·
November 30, 2020
မွန်ပြည်နယ်တွင် တရက်တည်း ကိုဗစ်လူနာသစ် ၁၄၃  ဦး စံချိန်တင်တွေ့ရှိ
Donate to DVB

မွန်ပြည်နယ်မှာ တစ်ရက်တည်း ကိုဗစ်အတည်ပြုလူနာ ၁၄၃  ဦးထိ အများဆုံး စံချိန်တင် တွေ့ရှိခဲ့တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက နိုဝင်ဘာ ၂၉ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

ရောဂါပိုးတွေ့ရှိခဲ့တဲ့ ကိုဗစ်အတည်ပြုလူနာ ၁၄၃ ဦးမှာ ကျိုက်မရောမြို့နယ် ၂၁ ဦး၊ ရေးမြို့နယ် အယောက် ၂၀၊ မော်လမြိုင် ၁၈ ဦး၊ သထုံ ၁၄ ဦး၊ မုဒုံ ၁၃ ဦး၊ ပေါင်မြို့နယ် ၁၁ ဦး၊ ဘီးလင်း ၁၀ ဦး၊ ချောင်းဆုံနဲ့ သံဖြူဇရပ်မြို့နယ် ၅ ဦးစီ၊ ကျိုက်ထို ၂ ဦးနဲ့ ကျန်ကိုဗစ်အတည်ပြုလူနာတွေဟာ တခြားတိုင်နဲ့ပြည်နယ်က လာသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ထူးခြားမှုအနေနဲ့ နိုဝင်ဘာ ၂၉ ရက် တရက်တည်း ကိုဗစ်အတည်ပြုလူနာ တွေ့ရှိမှုဟာ မွန်ပြည်နယ်ရဲ့ ၁၀ မြို့နယ်စလုံးမှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပြီး၊ ဒီအရေအတွက်ဟာ မွန်ပြည်နယ်မှာ အများဆုံး စံချိန်တင်တွေ့ရှိမှုလည်း ဖြစ်ပါတယ်။

ရောဂါပိုးတွေ့ရှိသူခဲ့တဲ့ ကိုဗစ်အတည်ပြုလူနာတွေဟာ သက်ဆိုင်ရာ မြို့နယ်တွေက အသွားအလာ ကန့်သတ်ထားတဲ့ ကွာရန်းတင်စင်တာတွေမှာ စောင့်ကြည့်ထားတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ နိုဝင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၁၅၃၁ ဦးထိ ရှိလာခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013