DVB Logo
Home
မြန်မာသတင်း
အုတ်ဖိုတွင် အချုပ်သား ၃ ဦး အပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၄ ဦး တွေ့ရှိ
DVB
·
November 29, 2020
အုတ်ဖိုတွင် အချုပ်သား ၃ ဦး အပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၄ ဦး တွေ့ရှိ
Donate to DVB

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ အချုပ်သား ၃ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၄ ဦး ထပ်မံတွေ့ရှိတယ်လို့ အုတ်ဖိုကျန်းမာရေးဦးစီးဌာနက နိုဝင်ဘာ ၂၈ ရက်နေ့ ညမှာ ထုတ်ပြန်ပါတယ်။

ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၀၁ ခုကိုပေးပို့ စစ်ဆေးချက်အရ အချုပ်သား ၃ ဦးနဲ့ Quarantine  ဝင်နေသူ ၁ ဦးတို့မှာ ရောဂါပိုးတွေ့ရှိခဲ့တာလို့ အုတ်ဖိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးအေးမင်းထွန်းက ပြောပါတယ်။

အုတ်ဖိုမြို့နယ် အေးမြသာယာနယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၁ ဦးပိုးတွေ့ခဲ့တာကြောင့် ရဲစခန်းကို နိုဝင်ဘာ ၁၉ ရက်နေ့ကတည်းက လော့ဒေါင်းချထားပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ အချုပ်သားတွေကို ဓာတ်ခွဲနမူနာယူ ပေးပို့စစ်ဆေးရာ အချုပ်သား ၃ ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာလို့ ကျန်းမာရေးဝန်ထမ်းတဦးက ပြောပါတယ်။

ရောဂါပိုးတွေ့ရှိတဲ့ အချုပ်သား ၃ ဦးကို ဘယ်မှာကုသမယ်ဆိုတာ ရဲတပ်ဖွဲ့က ခရိုင်နဲ့ ကျန်းမာရေးဌာနက တိုင်းကို တင်ပြထားတယ်လို့ အုတ်ဖိုမြို့နယ် ဆရာဝန်ကြီး ဒေါက်တာသန့်ဇော်မောင်က ပြောပါတယ်။

အုတ်ဖိုမြို့နယ်မှာ နိုဝင်ဘာလ ၂၈ ရက်နေ့အထိ အတည်ပြုလူနာ ၁၀၆ ဦးထိရှိလာပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၈၂ ဦး၊ ဆေးကုသပေးနေသူ ၂၄ ဦး ရှိတယ်လို့ သိရပါတယ်။

သတင်း - သက်နိုင်ဝင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013