DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် ကိုဗစ်-၁၉ လူနာသစ် ၃၁ ဦးထပ်မံတွေ့ရှိ၊ လူနာစုစုပေါင်း ၁၃၇၀ ရှိလာ
DVB
·
November 29, 2020
မကွေးတိုင်းတွင် ကိုဗစ်-၁၉ လူနာသစ် ၃၁ ဦးထပ်မံတွေ့ရှိ၊ လူနာစုစုပေါင်း ၁၃၇၀ ရှိလာ
Donate to DVB

မကွေးတိုင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း အတည်ပြုလူနာ ၁၃၇၀ ရှိလာပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက နိုဝင်ဘာ ၂၈ ညမှာ ထုတ်ပြန်ပါတယ်။

ပိုးတွေ့လူနာထပ်တိုး ၃၁ ဦးမှာ RDT Test Kit နဲ့ စစ်ဆေးရာမှာ ၅ ဦး၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန (NHL) ကို ပေးပို့စစ်ဆေးရာမှာ ၂၆ ဦး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အတည်ပြုလူနာသစ်တွေကတော့ ရေနံချောင်းက ၇ ဦး၊ မင်းလှ ၁ ဦး၊  မြို့သစ် ၆ ဦး၊ ပွင့်ဖြူ ၇ ဦး၊ မကွေး ၁ ဦး၊ ဆင်ပေါင်ဝဲ ၁ ဦး၊ မင်းဘူး ၄ ဦး၊ ချောက် ၂ ဦး၊ ပခုက္ကူ ၁ ဦးနဲ့ ကံမ ၁ ဦးတို့ ဖြစ်ပါတယ်၊။

ပိုးတွေ့လူနာတွေအနက် ရေနံချောင်းက ၅ ဦးနဲ့ မြို့သစ်က ၁ ဦးတို့မှာ ပိုးတွေ့အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိတာကြောင့် အသွားအလာကန့်သတ်ထားသူတွေ ဖြစ်ပြီး ကျန်သူတွေကတော့ ရန်ကုန်ကပြန်လာပြီး Quarantine Centre တွေမှာ ထားရှိသူတွေ ဖြစ်ပါတယ်။

မကွေးတိုင်းမှာ နိုဝင်ဘာ ၂၈ ရက်ညအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း အယောက် ၁၃၇၀နဲ့ သေဆုံးသူ ၃ ဦးရှိတယ်လို့ သိရပါတယ်။

မကွေးတိုင်းအတွင်း ပိုးတွေ့အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိသူတွေဆီကနေ ပိုးတွေ့လူနာတွေ ထပ်တိုးလာတာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိပြုဆင်ခြင် ပြုမှုနေထိုင်ကြဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို တိကျစွာ လိုက်နာဆောင်ရွက်ကြေဖို့ တိုင်းကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် Mask စနစ်တကျ အသုံးပြုကြဖို့အတွက် တိုင်းအတွင်းမှာ Mask တွေ လိုက်ဝေတာနဲ့ အသိပညာပေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013