DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ဒုမဲရုံမှူး ကျောင်းဆရာအပါဝင် စုစုပေါင်း ၁၁၇ ဦး ရောဂါပိုးတွေ့
DVB
·
November 28, 2020
ဧရာဝတီတိုင်းတွင် ဒုမဲရုံမှူး ကျောင်းဆရာအပါဝင် စုစုပေါင်း ၁၁၇ ဦး ရောဂါပိုးတွေ့
Donate to DVB

ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၁၇ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ တိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာနက နိုဝင်ဘာလ ၂၈ ရက်နေ့ မနက် ၉ နာရီအချိန်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ရောဂါပိုးတွေ့တဲ့အထဲ ပုသိမ်မြို့မှာ ဒုမဲရုံမှူးတာဝန် ထမ်းဆောင်ခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် ကျောင်းဆရာ ပါဝင်တယ်လို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က လူမူကွန်ရက်မှာ ရေးသားထားပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တဲ့ အထက်တန်းပြ ကျောင်းဆရာဟာ အထက ၅ မှာ ဒုမဲရုံမှူးအဖြစ် ရွေးကောက်ပွဲကာလ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး နိုဝင်ဘာ ၂၆ ရက်နေ့က လစာထုတ် သွားရောက်ခဲ့သူလည်းဖြစ်ပါတယ်။

ဖျားနာပြီး အနံ့မရတာ ၃ ရက်ရှိလို့ နိုဝင်ဘာလ ၂၇ ရက်နေ့က ပုသိမ်မြို့ သာသနာ့ဗိမာန်မှာဖွင့် လှစ်ထားတဲ့ Fever Clinic ကို လာရောက်ပြသလို့ ရောဂါပိုးစစ်ဆေးချိန်မှာ ကိုဗစ်ရောဂါပိုးတွေ့ ရှိခဲ့တာဖြစ်ပြီး ပုသိမ်တိုင်းရင်းဆေးရုံကြီးမှာ ရောဂါကုသမှုတွေ လုပ်ဆောင်ပေးနေပြီ ဖြစ်ပါတယ်။

ရောဂါပိုးတွေ့ရှိခဲ့ မြို့နယ်တွေကတော့ မော်ကျွန်းမြို့မှာ ၅၂ ဦး၊ ကျိုက်လတ် ၁၃ ဦး၊ ဒေးဒရဲ ၁၂ ဦး၊ ဖျာပုံ ၁၁ ဦး၊ ဓနုဖြူ၊ ညောင်တုန်းနဲ့ ကျုံပျော်မှာ ၆ ဦးစီ၊ ပုသိမ် ၄ ဦး၊ မြောင်းမြ ၃ ဦးနဲ့ ဟင်္သာတမှာ ၂ ဦးစီ ရောဂါပိုးတွေ့ရှိခဲ့တာပါ။

ဧရာဝတီတိုင်းမှာ နိုဝင်ဘာလ ၂၈ ရက်နေ့ မနက် ၉ နာရီအချိန်ထိ အတည်ပြုလူနာ ၂၇၁၁ ဦးရှိပြီး ဆေးရုံဆင်းလူနာ ၁၉၃၆ ဦးရှိကာ သေဆုံးလူနာ ၁၃ ဦးရှိတယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013