DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မှ ရခိုင်သို့ပြန်ရန် အခက်အခဲဖြစ်နေသူများကို ဒုတိယအကြိမ်ပြန်ခေါ်
DVB
·
November 28, 2020
ရန်ကုန်မှ ရခိုင်သို့ပြန်ရန် အခက်အခဲဖြစ်နေသူများကို ဒုတိယအကြိမ်ပြန်ခေါ်
Donate to DVB

ရန်ကုန်မြို့မှာ ကိုဗစ်ကာလအတွင်း စက်ရုံအလုပ်ရုံတွေ ရပ်နားလိုက်တာကြောင့် နေထိုင်စားသောက်ရေး အခက်အခဲ ကြုံနေတဲ့ ရခိုင်က အလုပ်သမားတွေ အပါအဝင် စုစုပေါင်း ၃၀၀ လောက်ကို ဒုတိယအကြိမ် နေရပ် ပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။

နေရပ်ပြန်လိုသူတွေအတွက် ရန်ကုန်တိုင်းအစိုးရရဲ့ခွင့်ပြုချက်နဲ့ ရန်ကုန်မြို့ လေးဝတီကုလရက္ခိတပရဟိအသင်းက ဦးဆောင်ကာ လူ ၁ ဦးကို ခရီးစရိတ် ၄၀၀၀၀ ကျပ်နဲ့ နေရပ်ပြန်ရေး စီစဉ်ပေးထားတယ်လို့ အသင်းဥက္ကဋ္ဌ ကိုတင်မောင်ဝင်းက ပြောပါတယ်။

“ကျနော်တို့က ပြန်မဲ့ လူ ၁ ဦးကို ကားခ ၃၀,၀၀၀ ကျပ်ရယ်၊ PPE ဝတ်စုံနဲ့ စားစရိတ်တို့ ရေဘူးတို့က(၁၀,၀၀၀)ကျပ်၊ အကုန်လုံး ၄၀,၀၀၀ ကျပ်လောက် ကုန်ကျတာပေါ့။ ကျနော်တို့ ရန်ကုန် ကုလရက္ခိတပရဟိတအသင်းက ကား ၃ စီးနဲ့ ရှေ့ကဦးဆောင်ပြီး မိုးထိမိုးမိအထိ လိုက်ပို့ပေးလိုက်တာပေါ့။ အဓိကတော့ ရန်ကုန်မှာ အခက်အခဲဖြစ်နေတဲ့သူတွေကို မိမိနေရပ်ကိုပြန်နိုင်အောင် ချိတ်ဆက်ပြီးတော့ ပို့ပေးတဲ့သဘောပါ” လို့ ပြောပါတယ်။

နေရပ်ကို ပြန်လာသူတွေကို ကွာရန်တင်းစင်တာမှာ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိပြီး အပြင်သူတွေနဲ့ ထိတွေ့ဆက်စပ်မှုမရှိရအောင် လိုအပ်ချက်တွေကို ကျောက်ဖြူမြို့ Volunteer Team အဖွဲ့က ကူညီဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေမှာတော့ ကူညီဆောင်ရွက်ပေးနေသူတွေမှာ ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းတွေ လိုအပ်ချက်တွေရှိနေတယ်လို့ ကျောက်ဖြူ Volunteer Team အဖွဲ့ဝင် ကိုထွန်းထွန်းနိုင်က ပြောပါတယ်။

“အခုကျောက်ဖြူမြို့ကို ရောက်လာတာကတော့ လူပေါင်း ၁၇၆ ယောက်ပေါ့။ အဲဒီထဲက ဇင်ချောင်းရွာ ကွာရန်တင်းစင်တာကို ၂၄ ယောက် ပါသွားတယ်၊ ပြီးရင် သံဃာ ၁၀ ပါးလည်းပါတာပေါ့။ လက်ရှိအခက်အခဲကတော့ ရန်ကုန်ပြန်ရောက်လာတဲ့သူတွေရဲ့ လိုအပ်တာတွေကို ကျနော်တို့က နေ့စဉ် ဝယ်ပေးနေကြရတာဆိုတော့ Mask တို့ လက်အိတ်တို့ ဟန်းဂျယ်တို့ကို အမြဲအသုံးပြုနေရတာဆိုတော့ အဲဒီဟာတွေက လတ်တလော လိုအပ်ချက်တွေရှိနေတယ်” လို့ ပြောပါတယ်။

ရန်ကုန်က ရခိုင်ပြည်နယ် နေရပ်ပြန်လာကြမယ့်သူတွေကို နိုဝင်ဘာလ ၁၃ ရက်နေ့က လူပေါင်း ၁၂၀ ကျော်နဲ့ နိုဝင်ဘာ ၂၆ ရက်က ၃၀၀ လောက် ပို့ဆောင်ခဲ့ပြီး နောက်ထပ် ၁၀၀၀ ကျော် ပြန်ဖို့ စာရင်းပေးသွင်းထားတယ်လို့ ရန်ကုန်မြို့ လေးဝတီကုလရက္ခိတပရဟိတအသင်း တာဝန်ရှိသူက ပြောပါတယ်။

သတင်း - နောင်နောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013