DVB Logo
Home
မြန်မာသတင်း
သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူများ ၀ှီးချဲလိုအပ်ပါက ဆက်သွယ်အလှူခံနိုင်
DVB
·
November 28, 2020
သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူများ ၀ှီးချဲလိုအပ်ပါက ဆက်သွယ်အလှူခံနိုင်
Donate to DVB

ကိုဗစ်ကာလအတွင်းမှာ လိုအပ်နေသူတွေအတွက် ၀ှီးချဲ အစီးရေ ၃၀၀ ကျော် လှူဒါန်းပေးသွားမယ်လို့ သက်ကြီးရွယ်အိုတွေနဲ့မသန်စွမ်းသူတွေကို ကူညီပေးနေတဲ့ ပခုက္ကူမြို့က ကယ်ရီမောင်လူမှုကူညီရေးအသင်းက သိရပါတယ်။

၀ှီးချဲလိုအပ်သူတွေအနေနဲ့ တနိုင်ငံလုံး ဘယ်မြို့ကမဆို လျှောက်ထားရယူနိုင်ပြီး လာရောက်လှူဒါန်းကြတာကြောင့် လက်ရှိမှာ ကလေးစီး ၀ှီးချဲ ၅၅ စီး ရောက်ရှိနေပြီဖြစ်သလို လူကြီးစီး ၀ှီးချဲ အစီး ၂၅၀ လောက် ထပ်မံရောက်ရှိမယ်လို့ ကယ်ရီမောင်လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးအောင်ကြီးက ပြောပါတယ်။

“မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ဘယ်နေရာ ဘယ်မြို့ကဖြစ်ဖြစ် ကျနော်တို့အသင်းကို ချိတ်ဆက်ပြီး အလှူခံလာရင် လှူပေးပါတယ်ခင်ဗျ။ အလှူရှင်တွေအနေနဲ့လည်း ကျနော်တို့အသင်းကို လှူချင်တယ်ဆိုလို့ရှိရင် ကျနော့်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့ wave money နဲ့ဖြစ်ဖြစ် Kay pay နဲ့ဖြစ်ဖြစ် လှူဒါန်းလို့ရပါတယ်။ ကျနော်တို့ တကယ်ကို  လိုအပ်တဲ့ လူနာတွေကို လှူဒါန်းသွားမှာပါ။ ဘယ်လိုကလေးတွေလည်း ဆိုတဲ့နေရာမှာ မသန်စွမ်းကလေးတွေနဲ့  မွေးရာပါပါတဲ့ ကလေးတွေ ပါတာပေါ့။ သက်ကြီးရွယ်အိုကျတော့ မသန်စွမ်း  လမ်းမလျှောက်နိုင်ဘူးဆိုလို့ရှိရင် လှူပေးပါတယ်၊ မသန်စွမ်းလူကြီးတွေကိုလည်း လှူပေးပါတယ်။ လှူရတဲ့ ရည်ရွယ်ချက်က သာမန်လူတွေလို သူတို့လည်း သွားနိုင်လာနိုင် သူတို့စိတ်ထဲမှာ ဖြစ်ပျက်နေတဲ့ အခက်အခဲလေးတွေ သူတို့ သွားရေးလာရေးခက်ခဲနေတာတွေ၊ နောက်ပြီးတော့ ဘုရားဘာသာရေးနဲ့ပတ်သက်လို့ လုပ်ချင်တာလေးတွေ လုပ်လို့ရအောင် အခက်အခဲမရှိအောင် ရည်ရွယ်ပြီး လှူဒါန်းတာပါ။”

ကလေးစီး ဝှီးချဲတွေကိုတော့ ကိုရီးယားနိုင်ငံ ပရဟိတအသင်းတခုက ချိတ်ဆက် လှူဒါန်ပေးခဲ့တာဖြစ်ပြီး လူကြီးစီးတွေကို အလှူရှင်တွေ စုပေါင်းလှူဒါန်းကြတာလို့ သိရပါတယ်။

ကလေးဝှီးချဲ လှူဒါန်းတဲ့ ကိုရီးယားပရဟိတအသင်းတွေအနေနဲ့ အစီးရေ ၂၅၀ အထိ လှူဒါန်းပေးသွားမယ်လို့ လှူဒါန်းနိုင်ဖို့ ဆက်သွယ်ပေးသူ ကိုကျော်သူရက ပြောပါတယ်။

“လောလောဆယ် ၂၅၀ လောက် ရှိတယ်ဗျ ဂိုဒေါင်ထဲမှာ ရောက်နေတဲ့ဟာတွေက။ ကျနော့်ကိုလည်း အကုန်ပြောပြီးသားပါ၊ လက်ရှိမှာကတော့ လောလောဆယ် ၆၀ မှာထားတယ်ဗျ” လို့ ပြောပါတယ်။

အလှူခံလိုတဲ့ မသန်စွမ်းသူတွေဟာ ဓာတ်ပုံတပုံနဲ့အတူ ဖောင်ဖြည့်ကာ ကယ်ရီမောင်လူမှုကူညီရေးအသင်းကို အလှူခံနိုင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013