
တရုတ်နိုင်ငံမှာ ၁၄ ကြိမ်မြောက် ၅ နှစ်စီမံကိန်းကာလ (၂၀၂၁ - ၂၅) အတွင်း သက်ကြီးရွယ်အို ထောက်ပံ့ကြေး အပါအဝင် ကူညီထောက်ပံ့ရေး မူဝါဒတွေကနေ သက်ကြီးရွယ်အို ၅၃ သန်းကျော် အကျိုးခံစားခဲ့ရတယ်လို့ မြို့ပြရေးရာဝန်ကြီး လီချန်းကွမ်းက စက်တင်ဘာ ၂၄ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
၅ နှစ် စီမံကိန်းကာလအတွင်းမှာ အခြေခံစားဝတ်နေရေး ထောက်ပံ့ကြေး ယူနေရတဲ့ သက်ကြီးရွယ်အိုတွေနဲ့ အလွန်အမင်း ဆင်းရဲနွမ်းပါးတဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် တရုတ်သက်ကြီးရွယ်အို ၁၉ သန်းကို လူမှုကူညီစောင့်ရှောက်ရေး ကွန်ရက်ထဲ ထည့်သွင်းပေးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီကာလအတွင်း တရုတ်နိုင်ငံဟာ သက်ကြီးရွယ်အိုတွေနဲ့ ကိုက်ညီမဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်လုပ်ဆောင်ခဲ့သလို သက်ကြီးရွယ်အိုတွေကို လေးစားဖို့၊ ဂရုစိုက်ဖို့နဲ့ ကူညီဖို့အတွက် လှုပ်ရှားမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့တယ်လို့ လီချန်းကွမ်းက ပြောပါတယ်။
ဒီစီမံကိန်းမှာ သက်ကြီးရွယ်အို စေတနာ့ဝန်ထမ်း ၅၀ ကျော်ကလည်း ဆက်လက် ပါဝင်ကူညီပေးနေပါတယ်။
သက်ကြီးရွယ်အိုဆိုင်ရာ စီးပွားရေးကဏ္ဍဟာလည်း ပိုမိုမြန်ဆန်စွာ တိုးတက်လာခဲ့ပြီး သက်ကြီးရွယ်အိုတွေနဲ့ ကိုက်ညီတဲ့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေ ပိုမိုကျယ်ပြန့်လာသလို ပြန်လည်သန်စွမ်းရေး ကူညီထောက်ပံ့ရေး ကိရိယာလုပ်ငန်း အမျိုးအစားဟာလည်း ယွမ် ၇၃၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀၈ ဒသမ ၈ ဘီလီယံခန့်) အထိ ပမာဏကို ရောက်ရှိခဲ့ပါတယ်။
၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၆-၃၀) အတွက် တရုတ်နိုင်ငံဟာ လူဦးရေ အိုမင်းလာမှုကို ဖြေရှင်းရင်း သက်ကြီးရွယ်အိုတွေရဲ့ လိုအပ်ချက်တွေကို ဆက်လက် ဖြည့်ဆည်းပေးသွားမယ်လို့လည်း လီချန်းကွမ်းက ပြောပါတယ်။
ဒီလိုဖြေရှင်းမှုတွေမှာ အချိန်ကိုက်၊ သိပ္ပံနည်းကျပြီး ဘက်စုံပါဝင်တဲ့ တုံ့ပြန်ဆောင်ရွက်မှု နည်းလမ်းတွေကို ကျင့်သုံးသွားမှာဖြစ်ပြီး သက်ကြီးရွယ်အိုဆိုင်ရာ အမျိုးသားလုပ်ငန်းကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်အပေါ် အခြေခံကာ သက်ဆိုင်ရာ တာဝန်ဝတ္တရားတွေအတိုင်း ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း မြို့ပြရေးရာဝန်ကြီး လီချန်းကွမ်းက ပြောသွားပါတယ်။
Source: Reuters










