DVB Logo
Home
မြန်မာသတင်း
ကုန်တင်ယာဉ်များ အချိန်မီမရောက်သဖြင့် ဗန်းမော်က တောင်သူများ ကြံတင်ပို့ရေး အခက်ကြုံ
DVB
·
November 27, 2020
ကုန်တင်ယာဉ်များ အချိန်မီမရောက်သဖြင့် ဗန်းမော်က တောင်သူများ ကြံတင်ပို့ရေး အခက်ကြုံ
Donate to DVB

ကုန်တင်ယာဉ်မောင်းတွေမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတာများလာပြီး လမ်းခရီးမှာ စစ်ဆေးမှု  ကြန့်ကြာတာကြောင့် ကြံတွေ အချိန်မီ မတင်ပို့နိုင်တဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က ကြံစိုက်တောင်သူတွေက ပြောပါတယ်။

ကြံစိုက်တောင်သူ ဦးဇိန်ဝါလတောင်က  "အရင်နှစ်က ကြံစိုက်တာ အရင်းကျေပေမယ့် ဒီနှစ်က ကိုဗစ်ရောဂါက ဖြစ်လာပြီး ကားသမားတွေကို ရောဂါတွေ့ရှိလာတာကြောင့် ကားမလောက်ငမှုနဲ့ လမ်းခရီးမှာ စစ်ဆေးမှု ကြန့်ကြာမှုတွေကြောင့်  ကြံတွေကခုတ်ပြီးပေမဲ့ ကားမရောက်ရှိလာတာကြောင့် ကြံတွေခြောက်လာပြီး တန်ချိန်လျော့မယ့် အလားအလာတွေကြောင့် ဆုံးရှုံးမှုတွေရှိလာမှာ စိုးရိမ်တယ်” လို့ ပြောပါတယ်။

တရုတ်ပြည်ဘက် ဖရဲ၊ ဆန်၊ ပြောင်းတွေ တင်ပို့ရာမှာ ဆုံးရှုံးမှု ရှိလာတာကြောင့် ဗန်းမော်ဒေသက လုပ်ငန်းရှင်အချို့ဟာ တောင်သူတွေကို ၁ ဧက ကျပ် ၂ သိန်းနှုန်း ထောက်ပံ့ကူညီပြီး လုပ်ငန်းအကျိုးတူ စာချုပ်တွေ ချုပ်ဆိုကာ ၂၀၁၉ ခုနှစ်က စတင်စိုက်ပျိုးလာခဲ့ကြတာလို့ ဆိုပါတယ်။ ကြံစိုက်ဧကတစ်ဧကကို တန်ချိန် ၂၇ တန်၊ ၂၈ တန်ကြားထွက်ရှိပြီ ၁ တန်ကို ကျပ်  ၄၂၀၀၀ ‌ဈေးရရှိတယ်လို့ သိရပါတယ်။

အခုအခါ ကချင်ပြည်နယ်ဝင်ပေါက် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်လေးလမ်းဆုံက‌ ကျန်းမာရေးစစ်ဆေးရေးဂိတ်မှာ စစ်ဆေးချက်အရ အောက်ပိုင်းက လာရောက်ကြတဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေ ရောဂါတွေ့ရှိမှု ၁၅  ယောက်အထိရှိလာပြီး ကုန်တင်ယာဉ်တွေ အချိန်မီ မရောက်ရှိလာတာကြောင့် အခက်အခဲတွေ ရှိလာတယ်လို့ လုပ်ငန်းရှင်အချို့က  ပြောပါတယ်။

ဒါ့အပြင် လမ်းခရီးဆိုးရွားတာကြောင့် ကုန်တွေကို အကန့်အသတ်နဲ့သာ တင်နေရတယ်လို့ ကြံစိုက်တောင်တွေနဲ့ အကျိုးတူပူးပေါင်းလုပ်ကိုင်နေတဲ့ Seven Force ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာဦးတေဇအုန်းက ပြောပါတယ်။

"ကုန်တင်ကားကြီးတွေကို အခုမံစီဘက်ကနေ ကတ္တားအသစ်တည်ဆောက်ထားတဲ့နေရာမှာ ချိန်ပြီး ၂၇ ဒဿ မ ၉၉ တန်သာ ခွင့်ပြုတယ်။ ကားအလေးချိန်တင် တရုတ်ပြည်နယ်စပ်မြို့ လွယ်ဂျယ်လမ်းဆိုးရွားနေတာမို့ ကားကို ကြံ့ခိုင်မှုရှိစေဖို့ ပြုလုပ်ထားရမှာ ၁၅ တန် ၁၇ တန်ထိ ရှိတာမို့ ကုန်အရေအတွက် ၁၃ တန်လောက်သာ တင်လို့ရတာကြောင့် အခက်အခဲဖြစ်နေရတယ်။” 

ဗန်းမော်ခရိုင်အတွင်း ကြံစိုက်ဧက ၂,၅၀၀ လောက်ရှိတဲ့အနက် ဧက ၁,၀၀၀ ကျော်က လုပ်ငန်းရှင်တွေနဲ့ တောင်သူတွေ အကျိုးတူစိုက်ပျိုးထားပြီး ကျန်ဧက ၁,၀၀၀ ကျော်က ကုမ္ပဏီက စိုက်ပျိုးထားတာဖြစ်ပြီး တန်ချိန် ၈ သောင်းနဲ့ ၁ သိန်းကြား ထွက်ရှိဖို့ ခန့်မှန်းထားတယ်လို့ ကြံလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

သတင်း- ဇော်လင်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013