DVB Logo
Home
မြန်မာသတင်း
ကချင်တွင် ကိုဗစ်လူနာသစ် ၁၀ ဦးထပ်တွေ့၊ စုစုပေါင်း ၁၉၇ ဦးရှိလာ
DVB
·
November 27, 2020
ကချင်တွင် ကိုဗစ်လူနာသစ် ၁၀ ဦးထပ်တွေ့၊ စုစုပေါင်း ၁၉၇ ဦးရှိလာ
Donate to DVB

ကချင်ပြည်နယ်မှာ နိုဝင်ဘာ ၂၇ ရက်နေ့က ကိုဗစ်-၁၉ လူနာသစ် ၁၀ ယောက် ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း ၁၉၇ ယောက်ရှိပြီလို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်းက ”ကချင်တစ်ပြည်နယ်လုံးမှာ ဒီနေ့တစ်ရက်တည်းမှာ ကိုဗစ်လူနာ ၁၀ ယောက်တိုးပါတယ်” လို့ ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း ဝိုင်းမော်မြို့မှာ ၂ ယောက်၊ တနိုင်းမြို့မှာ ၁ ယောက်၊ မိုးမောက်မြို့မှာ ၂ ယောက်၊ ရွှေကူမှာ ၂ ယောက်၊ ဖားကန့်မြို့မှာ ၃ ယောက် ထပ်မံတွေ့ရှိခဲ့တာပါ။

ပိုးတွေ့လူနာ ၁၀ ယောက်မှာ ရန်ကုန်ပြန်နဲ့ စစ်ကိုင်းမြို့က ပြန်လာပြီး အသွားအလာကန့်သတ်ထားသူတွေနဲ့ အဝေးပြေးယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်မှာ နိုဝင်ဘာ ၂၇ ရက်အထိ ဆေးရုံတက်ကုသနေသူ ကိုဗစ်လူနာ ၄၇ ယောက်ရှိသေးတယ်လို့ သိရပါတယ်။

ကိုဗစ်ရောဂါဖြစ်ပွားသူတွေကတော့ မြစ်ကြီးနားမြို့က ၂၈ ယောက်၊ ဝိုင်းမော် ၃ ယောက်၊ ဖားကန့် ၁၀၉ ယောက်၊ တနိုင်း ၁ ယောက်၊ မိုးကောင်း ၇ယောက်၊ ရွှေကူ ၁၈ ယောက်၊ မိုးညှင်း ၂၅ ယောက်၊ မိုးမောက် ၆ ယောက် စုစုပေါင်း ၁၉၇ ယောက် ရှိပြီလို့ ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သတင်းထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်မှာ ကွာရန်တင်းမဝင်ချင်လို့ မြို့အဝင်ဂိတ်ကိုရှောင်ပြီး မြို့ထဲ မောင်းဝင်သူတွေ၊ မြစ်ကြီးနားဘူတာမရောက်ခင် ဆင်းပြီး အိမ်ကိုရောက်နေသူတွေ၊ ရှာဖွေရေးဂိတ်တွေကို ရှောင်ကွင်းပြီး သွားလာနေသူတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးမီး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013