DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကာလ မန္တလေး‌ဆေးရုံ သွားပြရသည့် လားရှိုးက ကင်ဆာလူနာများ အခက်အခဲဖြစ်
DVB
·
November 27, 2020
ကိုဗစ်ကာလ မန္တလေး‌ဆေးရုံ သွားပြရသည့် လားရှိုးက ကင်ဆာလူနာများ အခက်အခဲဖြစ်
Donate to DVB

လားရှိုးမြို့က ကင်ဆာလူနာ ကိုဗစ်ကာလ မန္တလေး‌ဆေးရုံကိုသွားပြရမှာ အခက်အခဲဖြစ်နေကြတာကြောင့် ကင်ဆာအထူးကုဆရာဝန်တယောက်လောက် အမြန်ဆုံးချထားပေးဖို့ လူနာရှင်တဦးက တောင်းဆိုလိုက်ပါတယ်။

လားရှိုးက ကင်ဆာရောဂါသည်တွေဟာ ကိုဗစ်အကန့်အသတ်တွေကြား မန္တလေး သို့မဟုတ် နေပြည်တော်ကို သွားရောက်ကုသရတာ အစစအရာရာအဆင်မပြေဘဲ ကွာရန်တင်းဝင်ရ၊ တို့ဖတ်ယူရ၊ ထောက်ခံစာ စစ်ရတာတင်မက သွားဖို့ကားမရှိတာနဲ့ ကိုဗစ်ကပ်ရောဂါကို ကြောက်ရတာ အစရှိတဲ့ အခက်အခဲ အမျိုးမျိုး ကြုံတွေ့ရပါတယ်လို့ ကင်ဆာဖြစ်နေတဲ့ မိခင်ကို ပြုစုစောင့်ရှောက်နေတဲ့ မအီကပ်က ပြောပါတယ်။

အခုလိုကာလ မန္တလေးမှာ သွားရောက်ကုသတဲ့အခါ ကုသရက်ကြာရှည်ပြီး အိမ်ငှားခအပြင် ဆေးကုသစရိတ်လည်း ကြီးတာကြောင့် ကိုဗစ်အကြပ်အတည်းကြား အလုပ်အကိုင်အဆင်မပြေတဲ့ အခြေခံ လူတန်းစားကို ငဲ့ကွက်တဲ့အနေနဲ့ လားရှိုးမြို့မှာ ကင်ဆာအထူးကုတစ်ယောက် အမြန်ဆုံးတာဝန်ချပေးဖို့ တောင်းဆိုရတာဖြစ်တယ်လို့ ဆိုပါတယ်။

လစ်လပ်နေတဲ့ ကင်ဆာအထူးကု ဆရာဝန်နေရာအတွက် တဦးချထားပေးဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် မရသေးဘဲ ကင်ဆာအထူးကုဆရာဝန်လည်း အလုံအလောက်မရှိဘူးလို့ လားရှိုးမြို့ဆေးရုံအုပ် ဒေါက်တာ ဉာဏ်မြင့်က ပြောပါတယ်။

မန္တလေးဆေးရုံကို သွားကုသဖို့ စရိတ်စက အခက်အခဲရှိတာကြောင့် သွားရောက်မကုသခဲ့ဘဲ ဖခင်လုပ်သူ ဆုံးပါးခဲ့ရတဲ့ နန်းနောင့်နောင့်က "ရှမ်းမြောက်မှာ ဆရာဝန်တယောက်တော့ ချထားပေးသင့်တယ်" လို့ ပြောပါတယ်။

ကိုဗစ်ကြောင့် ရန်ကုန်ကို ၆ လတခါ ပုံမှန်ဆေးစစ်သွားလို့တောင် မရဘူးဖြစ်နေတယ်လို့ ကင်ဆာဝေဒနာသည် မခေါင်မိုင်က ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကင်ဆာလူနာတွေဟာ မန္တ‌‌ဆေးရုံကြီးမှာ တန်းစီနေရပြီး လားရှိုးဆေးရုံမှာ ကင်ဆာအထုးကုဆရာဝန်တစ်ယောက်မှမရှိတာ ၂ နှစ်လောက်လာပြီလို့ သိရပါတယ်။

နန်းစံပယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013