DVB Logo
Home
မြန်မာသတင်း
အခွန်အများဆုံးပေးသည့် ကုမ္ပဏီ ၅၀ စာရင်းတွင် လောင်စာဆီလုပ်ငန်းများ ထိပ်ဆုံးကပါဝင် 
DVB
·
November 25, 2020
အခွန်အများဆုံးပေးသည့် ကုမ္ပဏီ ၅၀ စာရင်းတွင် လောင်စာဆီလုပ်ငန်းများ ထိပ်ဆုံးကပါဝင် 
Donate to DVB

၂၀၁၉ စည်းကြပ်နှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန်အများဆုံး ထမ်းဆောင်တဲ့ ပြည်တွင်းမြန်မာပုဂ္ဂလိကကုမ္ပဏီ ၅၀ စာရင်းကို ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ရာမှာ လောင်စာဆီကုမ္ပဏီတွေနဲ့အတူ  စီးတီးမတ်က   ထိပ်ဆုံး ကုမ္ပဏီ  ၅  ခုမှာ ပါဝင်ပါတယ်။

လောင်စာဆီဆိုင်တွေ လုပ်ကိုင်တဲ့ Denko Trading ကုမ္ပဏီက ကျပ်သန်း ၄၀,၀၀၀ အထက် ထမ်းဆောင်တဲ့ တခုတည်းသော ကုမ္ပဏီဖြစ်ပြီး ကျပ်သန်း ၃၀,၀၀၀ အောက် ထမ်းဆောင်တဲ့ ကုမ္ပဏီ  ၄ ခုကတော့  Kyaw San ကုမ္ပဏီ၊ PT Power ကုမ္ပဏီ၊ Heyday Energy Trading ကုမ္ပဏီတို့နဲ့ City Mart Holding ကုမ္ပဏီတို့ ဖြစ်ပါတယ်။

ကျပ်သန်း ၂၀,၀၀၀ အောက် ပေးဆောင်တဲ့ ကုမ္ပဏီ ၅ ခု စာရင်းမှာ လောင်စာဆီကုမ္ပဏီ ၃ ခုပါပြီး Max Energy ကုမ္ပဏီက အယောက် ၅၀ စာရင်းမှာ ၉ ယောက်မြောက် ဖြစ်ပါတယ်။

တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ မြဝတီထရိတ်ဒင်းနဲ့ Dagon Beverages တို့ကတော့ ကျပ်သန်း ၁၀,၀၀၀ အောက် အခွန်ပေးဆောင်တဲ့စာရင်းမှာ ပါဝင်ပါတယ်။ Myanmar Economic Corporation က ကျပ်သန်းပေါင်း ၅၀၀၀ အောက်ပေးဆောင်တဲ့စာရင်းမှာ ပါဝင်ပြီး ၊ Myanmar Economic Holdings Public Limited က ဝင်ငွေခွန် ကျပ်သန်း ၂၀,၀၀၀ အထက်ပေးဆောင်တဲ့ တခုတည်းသော ကုမ္ပဏီဖြစ်ပြီး မြဝတီထရေးဒင်းကလည်း ကျပ်သန်း ၁၀၀၀၀ အောက် ပေးဆောင်တဲ့ ကုမ္ပဏီ ၂ ခုထဲမှာ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013