DVB Logo
Home
မြန်မာသတင်း
YBS ယာဉ်မောင်း ၇ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
November 25, 2020
YBS ယာဉ်မောင်း ၇ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
Donate to DVB

ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလ ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ YBS 37 ယာဉ်မောင်း ၃ ဦးအပါအဝင် ယာဉ်မောင်း ၇ ဦးအထိ ရောဂါပိုးကူးစက်ခံနေရပါတယ်။

ကိုဗစ် ၁၉ ဒုတိယလှိုင်း ပြည်တွင်းကူးစက်မှုနှုန်းမြင့်တက်နေချိန်  YBS 37 ယာဉ်မောင်း  ၃ ဦးနဲ့ YBS 96 ကယာဉ်မောင်းတစ်ဦး အပါအဝင် YUPT ကုမ္ပဏီက ယာဉ်မောင်း ၃ ဦးနဲ့ စုစုပေါင်းယာဉ်မောင်း ၇ ဦးမှာ ကိုဗစ်ကူးစက်မှုခံလိုက်ရတာပါ။ 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံလိုက်ရတဲ့ယာဉ်မောင်း ၇ ဦးစလုံး ကျန်းမာရေးကောင်းမွန်နေပြီး တချို့ကျန်းမာရေးထောက်ခံချက်နဲ့ ယာဉ်ကိုပြန်လည်မောင်းနှင်နေပြီလို့ YRTA တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးလှအောင်က ပြောပါတယ်။ 

အခု နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ပေါ့စတစ်အဖြေထွက်ရှိခဲ့တဲ့ YBS 40 ယာဉ်မောင်းကတော့ လတ်တလောဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။

YRTA အနေနဲ့တော့ ကိုဗစ်-၁၉ ဒုတိယလှိုင်းမှာ YBS ယာဉ်လုပ်သား ၆,၈၀၀ ကျော်ကို ဆန် (၈) ပြည်နဲ့ ဆီတစ်ပိဿာ ဒုတိယအကြိမ်ထောက်ပံ့ပေးခဲ့တယ်လို့ဆိုပါတယ်။

ကိုဗစ်ပေါ့စတစ်ဖြစ်သွားတဲ့ ယာဉ်မောင်းတွေကိုတော့ ကုမ္ပဏီဘက်ကနေ on duty အဖြစ်သတ်မှတ်ကာ ယာဉ်မောင်းအခေါက်ကြေးကိုအပြည့်အဝပေးထားတယ်လို့ YUPT ကုမ္ပဏီ တာဝန်ရှိသူကပြောပါတယ်။

ကိုဗစ်-၁၉ ဒုတိယလှိုင်းပြည်တွင်းကူးစက်မှုမြင့်တက်နေချိန် အောက်တိုဘာ ၄ ရက်နေ့က  YBS စီးနင်းတဲ့ခရီးသည် ၆၀,၀၀၀ ကျော်ပဲရှိပြီးစံချိန်တင်ကျဆင်းခဲ့ပါတယ်။

အခုအခါမှာ စက်ရုံတွေပြန်ဖွင့်တာနဲ့ လုပ်ငန်းတချို့လည်ပတ်လာတဲ့အတွက် YBSစီးနင်းတဲ့ခရီးသည်တနေ့တခြားတိုးလာပြီး နိုဝင်ဘာ ၂၄ ရက် တစ်ရက်တည်းမှာ  စီးနင်းတဲ့ခရီးသည်အရေအတွက် ၄၄၀,၀၀၀ ကျော်ထိရှိလာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013