DVB Logo
Home
မြန်မာသတင်း
YBS ယာဉ်မောင်းများ စည်းကမ်းဖောက်မှုကို စောင့်ကြည့်ရန် Reader စနစ်တပ်မည်
DVB
·
July 9, 2020
YBS ယာဉ်မောင်းများ စည်းကမ်းဖောက်မှုကို စောင့်ကြည့်ရန် Reader စနစ်တပ်မည်
Donate to DVB

YBS ယာဉ်မောင်းတွေ စည်းကမ်းဖောက်မှုကို စောင့်ကြည့်ဖို့ ယာဉ်တွေမှာ Reader စနစ် တပ်ဆင်တော့မယ်လို့ YRTA ရဲ့ မန်းနေးဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က ပြောပါတယ်။

ရန်ကုန်မြို့မှာပြေးဆွဲနေတဲ့ YBS ယာဉ်တွေက ယာဉ်မောင်းတွေကို အရင်နှစ်ကစပြီး YRTA က စမတ်ကတ်တွေ ထုတ်ပေးထားသလို အဲဒီကတ်တွေထဲမှာ QR ကုတ်တွေ၊ ဘားကုတ်တွေအပြင် ယာဉ်မောင်းတဦးရဲ့ ဒေတာအချက်အလက်တွေ အကုန်ထည့်ထားတာပါ။ 

အဲဒီစမတ်ကတ်တွေရဲ့ သက်တမ်းကို တစ်နှစ်သတ်မှတ်ထားသလို လုံခြုံရေးအပိုင်းတွေကို လည်း တဖြည်းဖြည်းမြှင့်တင်ထားပြီး ယာဉ်တွေပေါ်မှာ တယ်လီမက်တစ်စနစ်တပ်ဆင်ထားတဲ့ အပြင် နောက်ထပ်လည်း Reader ပါတပ်ဆင်မှာဖြစ်တာကြောင့် ကားစက်နှိုးတာကအစ စမတ်ကတ်နဲ့ နှိုးမှရမယ်လို့ ဦးအောင်ညီညီမော်က ပြောပါတယ်။ 

Reader စနစ်တပ်ဆင်မှာ ဖြစ်တာကြောင့် ယာဉ်မောင်းကိုလည်း မြင်ရမှာဖြစ်သလို ဘရိတ် ဘယ်နှစ်ချက်အုပ်တယ်ဆိုတာနဲ့ ယာဉ်မောင်း ရဲ့ မောင်းနှင်ပုံ အမူအကျင့်အားလုံး သိရတော့မယ်လို့ ဆိုပါတယ်။ 

ဒီစမ်းသပ်မှုတွေကို ဗန္ဓုလသယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီမှာ စမ်းသပ်စစ်ဆေးနေပြီး လာမယ့်သတင်းစာရှင်းလင်းပွဲမှာ ချပြမယ်လို့ ဆိုပါတယ်။ 

YRTA အနေနဲ့ YBS ယာဉ်မောင်းတွေအတွက် စမတ်ကတ်ထုတ်ပေးမှုကို ပြီးခဲ့တဲ့နှစ်ထဲက စတင်ခဲ့တာဖြစ်ပြီး ယာဉ်မောင်း ၈၇၉၀ အတွက် စမတ်ကတ်ထုတ်ပေးထားတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013