DVB Logo
Home
မြန်မာသတင်း
လုပ်အားခ အရင်အတိုင်းပြန်ပေးရန် YBS ယာဉ်မောင်းများတောင်းဆို  
DVB
·
August 17, 2020
လုပ်အားခ အရင်အတိုင်းပြန်ပေးရန် YBS ယာဉ်မောင်းများတောင်းဆို  
Donate to DVB

YBS ယာဉ်မောင်းတွေဟာ အရင်လုပ်ခနှုန်းထား မရတဲ့အတွက်  YUPT ကုမ္ပဏီက ယာဉ်လိုင်းတချို့မှာ ယာဉ်တွေရပ်နားထားလိုက်ပြီး  လုပ်ခပြန်တိုးပေးဖို့ တောင်းဆိုနေပါတယ်။

YUPT ကုမ္ပဏီအနေနဲ့ ကိုဗစ်-၁၉ စခဲ့တဲ့ကာလကနေ လက်ရှိအချိန်အထိ ယာဉ်မောင်းတွေကို အရင်လုပ်ခလစာမပေးတဲ့အပေါ် YBS ၃၆ နဲ့ YBS ၇ စတဲ့ယာဉ်လိုင်းတချို့မှာ ယာဉ်မောင်းတွေ အလုပ်မဆင်းတော့ဘဲ ယာဉ်တွေရပ်နားပြီး လုပ်ခတိုးပေးဖို့ တောင်းဆိုနေတာပါ။ 

ရွှေပေါက်ကံနဲ့ ဆူးလေကို ပြေးဆွဲနေတဲ့ YBS ၃၆ ယာဉ်လိုင်းမှာ ယာဉ်အစီးရေ ၄၀ လောက်ရှိတဲ့အထဲက ယာဉ်မောင်း ၂ ယောက်ပဲ အလုပ်ဆင်းပြီး ကျန်တဲ့ယာဉ်မောင်းအားလုံးဟာ အရင်မောင်းကြေး ကျပ် ၄၅၀ဝ ပြန်ရဖို့ အလုပ်မဆင်းဘဲ တောင်းဆိုနေပါတယ်။

ကုမ္ပဏီအနေနဲ့ ကိုဗစ်-၁၉ စဖြစ်တဲ့အချိန်က တခေါက်ကို မောင်းကြေး ၁၅၀၀   ပေးခဲ့သလို အဲဒီကနေ တခေါက် ၃၀၀၀ နဲ့ လက်ရှိမှာတော့ တခေါက် ၃၇၅၀ သာရနေတဲ့အပေါ် အရင်လုပ်ခရရှိဖို့ အခုလို တောင်းဆိုနေတာလို့ ယာဉ်မောင်းတွေက ပြောပါတယ်။

YUPT ကုမ္ပဏီအနေနဲ့ ခရီးအနီးအဝေးကိုလိုက်ပြီး အသွားအပြန် ယာဉ်တခေါက် ပြေးဆွဲတိုင်း ငွေကျပ် ၇၅၀ ကနေ ၄၅၀၀ ကျပ်အထိ လုပ်ခနှုန်းထား သတ်မှတ်ထားသလို ယာဉ်မောင်းတစ်ဦးကို တနေ့ ထမင်းဖိုးကျပ် ၃၀၀၀ ပေးထားတယ်လို့ ဆိုပါတယ်။ 

ကိုဗစ်ကာလမှာ ခရီးသည်စီးနင်းမှု ကျဆင်းခဲ့တာကြောင့် အလုပ်သမားတွေနဲ့ ညှိနှိုင်းကာ လုပ်ခလျှော့ချခဲ့တာတွေ ရှိခဲ့ပါတယ်။ သြဂုတ်လ ၁၇ ရက်နေ့မှာ လုပ်ခထပ်တိုးပေးဖို့ လုပ်နေပေမယ့် ယာဉ်မောင်းတွေက ကားပြေးဆွဲမှု ရပ်နားလိုက်တာကြောင့် လူစားထိုး ပြေးဆွဲမှုတွေ လုပ်ပေးနေတယ်လို့ YUPT ကုမ္ပဏီဥက္ကဋ္ဌက  ပြောပါတယ်။

ရွှေပေါက်ကံနဲ့ ဆူးလေကို ပြေးဆွဲနေတဲ့ YBS36 ယာဉ်မောင်းတွေအကုန်နီးပါး မမောင်းတော့တာကြောင့် စောင့်ရတာလဲ ကြာသလို စီးရတာ စိုးရိမ်မှုလည်းရှိတယ်လို့ ရွှေပေါက်ကံမြို့နယ်နေ ခရီးသည်တစ်ဦးက ပြောပါတယ်။

ယာဉ်မောင်းတွေ တောင်းဆိုတဲ့ အရင်လုပ်ခအပေါ် ကုမ္ပဏီတွေအနေနဲ့လည်း အရင်လို ပုံမှန်ဝင်ငွေမရသေးတာကြောင့် တဖြည်းဖြည်း ညှိနှိုင်းပေးတာတွေ လုပ်နေသလို ယာဉ်တွေ မထွက်နိုင်တဲ့အပေါ် ခရီးသည်တွေ အခက်အခဲမဖြစ်ဖို့ ယာဉ်တွေထွက်အောင် လုပ်ပေးနေတယ်လို့ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။

YUPT ကုမ္ပဏီဟာ ရန်ကုန်တိုင်းအစိုးရက ရှယ်ယာအများဆုံး ထည့်ဝင်ထားတဲ့ ကုမ္ပဏီတစ်ခု ဖြစ်သလို ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ YBS ကုမ္ပဏီတွေထဲမှာ ယာဉ်အစီးရေ အများဆုံးရှိတဲ့ ကုမ္ပဏီတခုလည်း ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013