DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်တွင် တပ်သိမ်းမြေအများစု ဖြေရှင်းရန်ကျန်ရှိနေ
DVB
·
November 25, 2020
ရှမ်းပြည်နယ်တွင် တပ်သိမ်းမြေအများစု ဖြေရှင်းရန်ကျန်ရှိနေ
Donate to DVB

ရှမ်းပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှု ပြန်လည်စိစစ်ရေး ကော်မတီထံ တိုင်ကြားထားတဲ့ မြေယာကိစ္စ ၁၂၇၃ မှုအနက်  ပိတ်သိမ်းပြီးအမှု ၈၉၀ မှုရှိပြီး စိစစ်ရန်ကျန်ရှိတဲ့အမှုပေါင်း  ၄၃၇ မှု ကို ၂၀၂၀ ပြည့်နှစ်အတွင်း ပြီးပြတ်အောင် လုပ်ဖို့ ရှိ‌နေပါတယ်။

ရှမ်းပြည်နယ်မြေစစ်ကော်မတီအနေနဲ့ သီတင်း ၂ ပတ် နဲ့ ၃ ပတ်ခြားတခါ အစည်းအဝေးလုပ်နေပြီး အမှု ၁၅၀ ဝန်းကျင်လောက် ဆုံးဖြတ်ပေးနေတယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်း‌ရေးမှူး ဦးနေလင်းက  နိုဝင်ဘာ ၂၂ နေ့ကပြောပါတယ်။

ဒီအအမှုတွေ ဒီနှစ်ကုန်မှာ ပြီးပြတ်နိုင်ခြင်းရှိမရှိကတော့ မြေပြင်ဆင်းပြီး စစ်ဆေးနိုင်တဲ့အခြေအနေပေါ်မှာ မူတည်ပါတယ်လို့လည်း ပြောပါတယ်။

ပိတ်သိမ်းသွားနိုင်ခဲ့တဲ့အမှု အကုန်လုံးနီးပါးဟာလည်း တောင်သူတွေ လျော်ကြေးရလို့ နှစ်ဦး နှစ်ဘက်အဆင်ပြေပြေနဲ့ကျေနပ်ပြီး ပိတ်တာမဟုတ်ဘဲ အထောက်အထားတွေမခိုင်မာလို့ဆိုပြီး အမှုပိတ်သိမ်းလိုက်ပါပြီလို့ မြို့နယ်လယ်စစ်ကော်မတီကနေကြေညာပြီး ပိတ်ခဲ့ကြတာများတယ်လို့ တောင်ကြီးမြို့က မြေယာအရေးကူညီဆောင်ရွက်ပေးနေတဲ့ အရပ်ဖက်အဖွဲ့အစည်းက ဦးဝင်းနိုင်စိုးက ပြောပါတယ်။

ရှမ်းပြည်နယ်ထဲမှာ သိမ်းဆည်းခံမြေတွေနဲ့ တပ်သိမ်းမြေအမှုအတော်များများဟာ ဖြေရှင်းမရပဲ ကြန့်ကြာနေတယ်လို့လည်း ဦးဝင်းနိုင်စိုးက ပြောပါတယ်။

“ရှမ်းပြည်နယ်မြေစစ်ကော်မတီက ကွင်းဆင်းစစ်ဆေးဖို့ တပ်ကိုခေါ်ယူတဲ့အခါ အချိန်ပေး ရတာ၊ မြေယာသိမ်းယူစဉ်က လူဟောင်းတွေ မရှိတော့တာကြောင့် လက်ရှိတာဝန်လွှဲပြောင်းယူတာ၊ တပ်က တခြားတပ်ကိုပြန်လွှဲနေရတာ၊ အထက်ကို အဆင့်ဆင့်ဆက်လက်တင်ပြထားပါတယ် ဆိုပြီး အစိုးရကလည်း တပ်ရဲ့သဘောထားမပြောင်းသရွေ့ တပ်ကမစွန့်လွှတ်ပေးသရွေ့ ဘာမှ‌ မထူးလာဘူး ဆိုပြီးအကြောင်းပြကာ တပ်နဲ့ပတ်သက်လာရင် ပြတ်ပြတ်သားသားမလုပ်နိုင်ခဲ့ဘူး။”

၂၀၁၅-၂၀ မှာ လက်ရှိ လယ်ယာမြေအမှုတွေကိုဗဟိုက ညွှန်ကြားထားတဲ့ မူဝါဒ ၅၂ ချက်နဲ့အညီဖြေရှင်းတာ အားနည်း နေတယ်လို့လည်း ဝေဖန်မှုတွေရှိနေပါတယ်။  

တောင်သူလယ်သမားသမဂ္ဂ ရှမ်းပြည်တာဝန်ခံ ဦးကျော်အေးက “ နောင်ချိုက တောင်သူတွေဟာ တရားမျှတမှု မရသေးပါဘူး။ နစ်နာတဲ့တောင်သူတွေ အများကြီးသာ အကြိမ်ကြိမ်စစ်ဆေးခံ နေရကာ အမှုများစွာ ရင်ဆိုင်နေရဆဲပါ”လို့  ပြောပါတယ်။

ရှမ်းပြည်နယ်မှာ မူလတောင်သူတွေထံ ပြန်လည်စွန့်လွှတ်တဲ့ မြေယာ  အမှုပေါင်း ၁၆၆ မှုနဲ့ မြေဧရိယာစုစုပေါင်း ၄၂၀၄၅ ဒသမ ၁၃၀ ဧကရှိခဲ့တယ် လို့သိရပါတယ်။

သတင်း - နန်းစပယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013