DVB Logo
Home
မြန်မာသတင်း
Avis Myanmar ကုမ္ပဏီ မြန်မာနိုင်ငံ၌ ကန်ဒေါ်လာ ၄ သန်း ထပ်မံရင်းနှီးမြှုပ်နှံမည်
DVB
·
November 24, 2020
Avis Myanmar ကုမ္ပဏီ မြန်မာနိုင်ငံ၌ ကန်ဒေါ်လာ ၄ သန်း ထပ်မံရင်းနှီးမြှုပ်နှံမည်
Donate to DVB

ကားအငှားဝန်ဆောင်မှုကုမ္ပဏီတခုဖြစ်တဲ့ Avis Myanmar က လာမယ့်နှစ် မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ ၄ သန်း ထပ်ပြီး ရင်းနှီးမြှုပ်နှံမယ်လို့ အသိပေးထုတ်ပြန်ပါတယ်။

လက်ရှိ ကိုဗစ်ကာလအကျပ်အတည်းကို ကျော်လွန်ပြီးရင် နိုင်ငံရဲ့ တိုးတက်လာမယ့် အလားအလာကို ယုံကြည်တာကြောင့် ၂၀၂၁ ခုနှစ်မှာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၄ သန်းနဲ့ ကားအစီးရေ ၃ ဆလောက် ထပ်တိုးမယ်လို့ ထုတ်ပြန်လိုက်တာပါ။

Avis ကုမ္ပဏီဟာ ဒေသခံနဲ့ နိုင်ငံတကာ လုပ်ငန်းတွေရဲ့ တယောက်ချင်း၊ အစုအဖွဲ့အလိုက် လချုပ်နှစ်ချုပ် ကားငှားဝန်ဆောင်မှု ပေးနေတာဖြစ်ပြီး လက်ရှိမှာတော့ ကိုဗစ်-၁၉ ရောဂါဖြစ်နေလို့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ခရီးသွားတွေ လာရောက်လည်ပတ်တာကို ကန့်သတ်ထား တာကြောင့် ကားအငှားလုပ်ငန်းအပေါ်မှာ ကြီးကြီးမားမား အကျိုးသက်ရောက်နေတယ်လို့ ဆိုပါတယ်။

ရေတို နေ့တပိုင်း ကားအငှားလုပ်ငန်း ဝန်ဆောင်မှု အထူးသဖြင့် ဟိုတယ်သုံးဇိမ်ခံကား သုံးတာဟာ ခရီးသွားလာရေးကန့်သတ်မှုတွေ ပိုပြီးတင်းကြပ်လာတာကြောင့် ၂၀၂၀ ပထမ ၃ လပတ်ကနေ အခုအချိန်ထိ သိသိသာသာ လျော့ကျခဲ့တယ်လို့ Avis Myanmar ရဲ့ အထွေထွေမန်နေဂျာ Ms. Prasoporn Tansupasiri က ပြောပါတယ်။

“ကျမတို့အနေနဲ့ ကံကောင်းတာတခုကတော့ လချုပ် (short-term monthly) သီးသန့် ကားငှားရမ်းတာတွေ မြင့်တက်လာတာဖြစ်ပါတယ်။ တချို့ ကုမ္ပဏီအနေနဲ့ကလည်း ဝန်ထမ်းတွေရဲ့ အများပြည်သူ သယ်ယူ ပို့ဆောင်ရေး အသုံးပြုတာကို လျှော့ချစေဖို့ ကားတွေ ငှားသုံးကြပါတယ်။ ဒီလိုအပ်ချက်ကို ဖြည့်ဖို့ ဝန်ဆောင်မှု အသစ်ဖြစ်တဲ့ ဖယ်ရီဝန်ဆောင်မှုဟာ ကားငှားတာ၊  ကားဆရာ ဝန်ဆောင်မှု၊ လောင်စာဆီတွေ၊ ခရီးသည် အာမခံ ဝန်ဆောင်မှုတွေနဲ့အတူ လမ်းကြောင်း စီမံခန့်ခွဲတာနဲ့ ပိုးသတ်ခြင်းဝန်ဆောင်မှု အားလုံးကို တစုတစည်းတည်း ဝန်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် နေပြည်တော်နဲ့ မန္တလေးမြို့တို့မှာလည်း ရုံးခွဲတွေဖွင့်လှစ်သွားဖို့ စီစဉ်နေတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013