DVB Logo
Home
မြန်မာသတင်း
ဆန်အရည်အသွေး ဆုံးရှုံးမှုမရှိစေရန် အရန်ဆန်များ ပြန်ရောင်းပြီး အသစ်ဝယ်ယူမည်
DVB
·
November 24, 2020
ဆန်အရည်အသွေး ဆုံးရှုံးမှုမရှိစေရန် အရန်ဆန်များ ပြန်ရောင်းပြီး အသစ်ဝယ်ယူမည်
Donate to DVB

ကိုဗစ်ကာလအတွင်း အရန်ဆန်တွေ ဝယ်ယူသိုလှောင်ထားတာ အချိန်ကြာမြင့်နေတာကြောင့် အရည်အသွေးပိုင်း ဆုံးရှုံးမှုမရှိရအောင် ဝယ်ယူထားတဲ့ အရန်ဆန်တွေကို  ပြန်လည်ရောင်းချပြီး အရန်ဆန်အသစ် ဝယ်ယူသွားဖို့ စီစဉ်နေတယ်လို့  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။ 

နိုင်ငံတော်ရဲ့အရန်ရိက္ခာဆန် အစီအစဉ်အတွက် အရန်ဆန် ဝယ်ယူ၊ စစ်ဆေး၊ လက်ခံ၊ သိုလှောင်ခြင်းကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ MITSနဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့က ဧပြီလ ၃၀ ရက်က စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး မေလ ၁၁ ရက်အထိ ပြည်ပကို တင်ပို့မယ့် ကုမ္ပဏီ ၄၀ ကနေ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဝယ်ယူလက်ခံထားရာ သိုလှောင်ရုံ ၅ ခုမှာ ဆန်တန်ချိန် ၆၃၀၀ လောက် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

အရန်ဆန်ဝယ်ယူရေး ပထမအဆင့်အနေနဲ့ စပါးတင်း ၁၀၀ ကို ကျပ် ၃၃၀,၀၀၀ နဲ့ ဝယ်ယူနေတာဖြစ်ပြီး နိုင်ငံတော်အစိုးရကနေ  ဇန်နဝါရီ ၂၇ ရက်နေ့မှာ  ငွေကျပ် ၁၀ ဘီလီယံ ခွင့်ပြုချက်ချပေးထားပါတယ်။ 

လက်ရှိမှာ အရန်ဆန်တွေကို ဝယ်ယူသိုလှောင်ထားတာ  အချိန် ၆ လကျော် ကြာလာပြီဖြစ်တဲ့အတွက်  ဒီဆန်တွေကို  ပြန်လည်ရောင်းထုတ်ပြီး အရန်ဆန်အသစ်ကို ဝယ်ယူထားရှိဖို့ လိုအပ်တာပါ။

အခုဆိုရင် အရန်ဆန် ရောင်းချပေးထားတဲ့ ပို့ကုန်လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပြီး အရန်ဆန်တွေကို ပြန်လည်ရောင်းချပေးဖို့ စီစဉ်နေတဲ့အကြောင်းနဲ့ လက်ရှိမှာတော့ အရန်ဆန် လာမယ့် ၂၀၂၁ အတွက် အရန်ဆန် ထားရှိဖို့အတွက် နိုင်ငံတော် ခွင့်ပြုချက်နဲ့ စနစ်တကျ အစီအစဉ်တစ်ခု ကျင့်သုံးနိုင်အောင် စီစဉ်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တာဝန်ရှိသူက ပြောပါတယ်။

မန္တလေးနဲ့ နေပြည်တော်သိုလှောင်ရုံတွေက အရန်ဆန်တွေကိုတော့  ထိုက်သင့်တဲ့ ပမာဏလောက် ချန်လှပ်ထားရှိပြီး ရန်ကုန် သိုလှောင်ရုံမှာထားရှိတဲ့ အရန်ဆန်တွေကို ပမာဏများများ ပြန်လည်ရောင်းချသွားမှာလို့ ဆိုပါတယ်။

လက်တလောတော့  ရာသီဥတုအခြေအနေကြောင့် အရည်အသွေးမပြည့်မီတဲ့ ဆန်တွေ စျေးကွက်အတွင်း ရောက်ရှိနေပါတယ်။  အခုလို့ အရည်အသွေးမမီတဲ့ဆန်တွေ စျေးကွက်ထဲ ရောက်ရှိနေတာကြောင့်  ဒီဆန်တွေကို စျေးလျှော့ရောင်းချနေတာတွေရှိနေပြီး တောင်သူဘက်က နစ်နာရတယ်လို့  ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောပါတယ်။

ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်း ဆန်ဝင်ရောက်မှုက အရင်နှစ်တုန်းကထက် သုံးပုံတစ်ပုံခန့်သာ ဝင်ရောက်ခဲ့ပြီး ကုန်စည်စီးဆင်းမှုလျော့ကျနေတဲ့အခြေအနေရှိနေပါတယ်။

အရင်က ဆန်အိတ် ၁၂၀,၀၀၀ ပြန်လည်ဝင်ရောက်ကနေ အခုဆိုရင် ဆန်အိတ် ၅၀,၀၀၀ လောက်ဝင်ရောက်လာတာ နှစ်ပတ်လောက် ရှိနေတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်ကနေ သိရပါတယ်။ 

သတင်း- နန့်ခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013