DVB Logo
Home
မြန်မာသတင်း
ဆန် ၁ ပြည် ကျပ် ၁၁၀၀ ထက်ပိုမရောင်းရန် ဆန်စပါးအသင်းချုပ် အရန်ဆန် ရောင်းချပေး
DVB
·
July 8, 2020
ဆန် ၁ ပြည် ကျပ် ၁၁၀၀ ထက်ပိုမရောင်းရန် ဆန်စပါးအသင်းချုပ် အရန်ဆန် ရောင်းချပေး
Donate to DVB

ဆန်လက်လီအရောင်းဆိုင်တွေအနေနဲ့ တပြည်ကို ကျပ် ၁၁၀၀ ထက်မပိုစေဘဲ ပြန်ရောင်း နိုင်ဖို့အတွက် အရန်ရိက္ခာဆန်တွေကို ရောင်းချပေးမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဆိုပါတယ်။

၁၀၈ ပေါင် တအိတ်ကို ကျပ် ၂၂၈၀၀ နှုန်းနဲ့ ဝယ်ယူဖို့ အဆိုပြုလာတဲ့ လက်လီဆိုင်တွေကို တကြိမ်မှာ အိတ် ၂၀၀ နှုန်းရောင်းပေးမယ်လို့ ဒီနေ့ ထုတ်ပြန်လိုက်တာပါ။

အဲဒီလက်လီဆိုင်တွေအနေနဲ့ ဒေသကိုလိုက်ပြီး တပြည်ကို ကျပ် ၁၀၀၀၊ ၁၀၅၀ နဲ့ ၁၁၀၀ ကျပ်ထက်မပိုစေဘဲ ပြန်ရောင်းပေးရမှာ ဖြစ်ပါတယ်။

စက်မှုဇုန်တွေက အလုပ်သမားများတဲ့ စက်ရုံတွေအနေနဲ့လည်း ဝယ်ယူနိုင်မှာဖြစ်ပြီး ပြန်ရောင်းတာတွေ စနစ်တကျဖြစ်စေဖို့အတွက် သက်ဆိုင်ရာ စားသုံးသူရေးရာ ဦးစီးဌာနတွေကနေ စစ်ဆေးကြီးကြပ်သွားမယ်လို့ ဆိုပါတယ်။

COVID-19 ဖြစ်နေချိန်မှာ ဆန်ဈေးနှုန်းတည်ငြိမ်စေဖို့၊ တောင်သူလယ်သမားတွေ စပါး စပေါ်ချိန်မှာ ဝင်ငွေ မကျစေဖို့နဲ့ ပို့ကုန်လုပ်ငန်း ပုံမှန်ဖြစ်စေဖို့အတွက် နိုင်ငံတော် အရန်ရိက္ခာဆန်တွေကို ဧပြီလကုန်ကစလို့ စုဆောင်းထားတယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။

ပြည်ပကိုဆန်နဲ့ ဆန်ကွဲ တင်ပို့တဲ့ ကုမ္ပဏီတွေဆီကနေ လုံးရှည် ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန်ကို ဝယ်ယူသိုလှောင်ထားခဲ့တာပါ။

ဝယ်ယူလိုသူတွေအနေနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်အသင်း တို့ကို ဆက်သွယ်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013