DVB Logo
Home
မြန်မာသတင်း
ရခိုင်အရေး အစီရင်ခံစာပါ ဖြစ်စဉ်များနှင့်စပ်လျဉ်းပြီး အမှုပေါင်း ၁၀၀ ကျော် အရေးယူထား
DVB
·
November 24, 2020
ရခိုင်အရေး အစီရင်ခံစာပါ ဖြစ်စဉ်များနှင့်စပ်လျဉ်းပြီး အမှုပေါင်း ၁၀၀ ကျော် အရေးယူထား
Donate to DVB

ရခိုင်ပြည်နယ်ထဲမှာ ARSA နဲ့ အလိုတူပူးပေါင်းပါဝင်သူတွေ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတိုင်းရင်းသားတွေ ကျူးလွန်ခဲ့တဲ့ အမှုပေါင်း ၁၃၉ မှု ရှိတဲ့အထဲ ၁၁၀ မှု အရေးယူထားပြီး ၂၉ မှု အရေးယူဖို့ကျန်နေသေးတယ်လို့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ထုတ်ပြန်ချက်အရ သိရပါတယ်။

ရခိုင်ပြည်နယ်အတွက် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Commission of Enquiry-ICOE)ရဲ့ အစီရင်ခံစာပါ ဖြစ်စဉ် ၁၃ ခုမှာ  ARSA နဲ့ အလိုတူပူးပေါင်းပါဝင်သူတွေ ကျူးလွန်တာ ၈၇ မှု၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ ကျူးလွန်တာ ၂၃ မှု၊ ဒေသခံတိုင်းရင်းသားတွေ ကျူးလွန်တာ ၂၉ မှု၊  စုစုပေါင်း ၁၃၉ မှု ရှိတယ်လို့ ဆိုပါတယ်။

ARSA နဲ့ အလိုတူပူးပေါင်းပါဝင်သူတွေက လူသတ်မှု၊ မီးရှို့မှု၊ ပစ္စည်းဥစ္စာဖျက်ဆီးမှု အပါအဝင် ရာဇဝတ်မှု ၈၇ မှုကို ကျူးလွန်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပြီး အဲဒီထဲက ၆၇ မှု ကို အမှုဖွင့်ဆောင်ရွက်နေပြီး အမှု ၂၀ ကျန်တယ်လို့ ဆိုပါတယ်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေက လူသတ်မှု၊ မီးရှို့မှု၊ ပစ္စည်းဥစ္စာဖျက်ဆီးမှု အပါအဝင် ရာဇဝတ်မှု ၂၃ မှုကို ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားပြီး အမှုအားလုံးကို အမှုဖွင့် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ပြီးတော့ ဒေသခံတိုင်းရင်းသားတွေက လူသတ်မှု၊ မီးရှို့မှု၊ ပစ္စည်းဥစ္စာ ဖျက်ဆီးမှုအပါအဝင် ရာဇဝတ်မှုပေါင်း ၂၉ မှုကို ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားပြီး အမှု ၂၀ ကို အမှုဖွင့်ထားတာကြောင့် ၉ မှု ကျန်နေတယ်လို့  ရှေ့နေချုပ်ရုံးက ထုတ်ပြန်ပါတယ်။

ICOE ရဲ့ အပြီးသတ်အစီရင်ခံစာအပေါ် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးတာတွေ ဆက်လုပ်ဖို့နဲ့ အထောက်အထားခိုင်လုံရင် တရားစွဲဆိုဖို့၊ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ပေါ်ပေါက်ခဲ့တဲ့ ပစ္စည်းဥစ္စာဖျက်ဆီးခံရတာတွေ၊ လုယက်မှုတွေ၊ အရပ်သားတွေက ကျူးလွန်ခဲ့တဲ့ တခြား ရာဇဝတ်မှုတွေကို ဆက်လက်စုံစမ်းစစ်ဆေးတာ၊ တရားစွဲဆိုတာတွေလုပ်ဖို့ နိုင်ငံတော် သမ္မတရုံးက ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို ညွှန်ကြားခဲ့တာပါ။

ပြီးတော့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများဆောင်ရွက်ရေးအဖွဲ့ကို နိုင်ငံတော်သမ္မတရုံးက ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၂၄ ရက်မှာ ဖွဲ့စည်းပေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း တိုက်ခိုက်မှုဖြစ်စဉ်တွေနဲ့ပတ်သက်လို့ တိုင်ကြားချက်တွေ လက်ခံ ဆောင်ရွက်မယ့် တိုင်တန်းမှုယန္တရားတရပ်ကိုတည်ထောင်ပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့လည်း ပြည်ထောင်စုရှေ့နေချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် စုံစမ်းဖို့ ဖိလစ်ပိုင် ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၄ ယောက်နဲ့ ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁၅ ရက်က သမ္မတအမိန့်နဲ့ ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013