DVB Logo
Home
မြန်မာသတင်း
ရန်ကုန်၊ ပဲခူးနှင့် ရခိုင်တွင် အသေးစားချေးငွေ ပြန်ဆပ်ကာလကို ဧပြီလကုန်အထိ ရွှေ့ဆိုင်း
DVB
·
November 24, 2020
ရန်ကုန်၊ ပဲခူးနှင့် ရခိုင်တွင် အသေးစားချေးငွေ ပြန်ဆပ်ကာလကို ဧပြီလကုန်အထိ ရွှေ့ဆိုင်း
Donate to DVB

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု အများဆုံးဖြစ်ပွားခဲ့တဲ့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ အသေးစား ချေးငွေပြန်ပေးဆပ်ရမယ့် အချိန်ကာလကို ရွှေ့ဆိုင်း ကောက်ခံပေးမယ်သွားမယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက အသိပေး ကြေညာထားပါတယ်။

အဆိုပါတိုင်းနဲ့ ပြည်နယ် ၃ ခုမှာ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတွေထံကနေ ချေးငွေရယူထားတဲ့ အသင်းသားတွေအတွက်  ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတို့မှာ ပေးဆပ်ရန်ရှိတဲ့ အရင်းနဲ့ အတိုးတွေကို  ၂၀၂၁ ခုနှစ်၊ ဧပြီလကုန်အထိ ပေးဆပ်ခြင်းမှ ရွှေ့ဆိုင်းပေးဖို့နဲ့ ဒီကာလအတွက် ပေးဆပ်ရန်ရှိတဲ့ အရင်းနဲ့ အတိုးတွေကို ၂၀၂၁ ခုနှစ်၊ မေလမှ အောက်တိုဘာလအထိ အရစ်ကျပြန်လည်ပေးဆပ်နိုင်ရန် စီစဉ်ထားတယ်လို့ဆိုပါတယ်။

ဒီအတွက် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတွေ နစ်နာမှုမရှိစေဖို့ ဒီကာလအတွက် ချေးငွေရယူထားတဲ့ အသင်းသားတွေထံက ရရန်ရှိတဲ့ အရင်းနဲ့ အတိုးတွေကို မြန်မာ့စီးပွားရေးဘဏ်က သက်ဆိုင်ရာ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတွေကို ကာလတို အတိုးမဲ့ချေးငွေ ၁ နှစ် သတ်မှတ်ပြီး ထုတ်ချေးပေးမယ်လို့လည်း  အသိပေးကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013