DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် ကိုဗစ်လူနာ ၁၁၇၁ ဦးရှိလာ၊ အောင်လံက ၂၀၉ ဦးဖြင့် အများဆုံးတွေ့ရှိ
DVB
·
November 23, 2020
မကွေးတိုင်းတွင် ကိုဗစ်လူနာ ၁၁၇၁ ဦးရှိလာ၊ အောင်လံက ၂၀၉ ဦးဖြင့် အများဆုံးတွေ့ရှိ
Donate to DVB

မကွေးတိုင်းအတွင်းမှာ နိုဝင်ဘာ ၂၃ ရက်နေ့ နေ့လယ်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁၇၁ ယောက်ရှိလာပြီး အောင်လံမြို့က ၂၀၉ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။

အောင်လံမြို့က ၂၀၉ ယောက်၊ မြို့သစ်က အယောက် ၁၄၀၊ မကွေးက အယောက် ၁၂၀၊ မင်းဘူး ၁၀၅ ယောက်၊ တောင်တွင်းကြီးက ၁၀၁ ယောက်၊ နတ်မောက်က ၉၂ ယောက်၊ စလင်းက ၇၇ ယောက်နဲ့ အများဆုံး တွေ့ရှိထားပါတယ်။

ရေနံချောင်း ၆၇၊ ပေါက်က ၁၅ ယောက်၊ မြိုင် ၂၆ ယောက်၊ ပခုက္ကူ ၄၁ ယောက်၊ ချောက် ၃၆ ယောက်၊ ဆင်ပေါင်ဝဲနဲ့ ငဖဲက  ၈ ယောက်စီ၊ ရေစကြို ၉ ယောက်၊ သက်ရက် ၃၃ ယောက်၊ မင်းတုန်း ၂ ယောက်၊ မင်းလှ ၅ ယောက်၊ ပွင့်ဖြူ ၂၄ ယောက်၊ စေတုတ္တရာ ၁ ယောက်၊ ဆိပ်ဖြူ အ‌ယောက် ၂၀၊ ဆော ၂ ယောက်၊ ထီးလင်း ၅ ယောက်၊ ဂန့်ဂေါ ၁၆ ယောက် ဖြစ်ပါတယ်။

မကွေင်းတိုင်းအတွင်း  ကိုဗစ်လူနာ ၁၁၇၂ ယောက်ရှိတဲ့အထဲက ဆေးရုံ ဆင်းခွင့်ရသူ ၈၉၂ ယောက်၊ ဆေးရုံမှာ ကုသဆဲ ၂၇၇ ယောက်နဲ့ သေဆုံးသူ ၂ ယောက်ရှိလို့ ဆိုပါတယ်။

မကွေးတိုင်းအတွင်း ပိုးတွေ့အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိသူတွေဆီကနေ ပိုးတွေ့လူနာတွေ ထပ်တိုးလာတာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိပြုဆင်ခြင် ပြုမှုနေထိုင်ကြဖို့နဲ့ ကျန်းမားရေးဝန်ကြီးဌာနက ထုတ်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို တိကျစွာ လိုက်နာဆောင်ရွက်ကြေဖို့ တိုင်းကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် Mask စနစ်တကျအသုံးပြုကြဖို့အတွက် တိုင်းအတွင်းမှာ Mask တွေ လိုက်ဝေတာနဲ့ အသိပညာပေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013