DVB Logo
Home
မြန်မာသတင်း
ကွမ်းခြံကုန်းတွင် သံဃာ ၂ ပါး ကိုဗစ်ကူးစက်ခံရ၊ သံယာအပါအဝင် ထိတွေ့သူများကို ကွာရန်တင်း ထားရှိ
DVB
·
November 23, 2020
ကွမ်းခြံကုန်းတွင် သံဃာ ၂ ပါး ကိုဗစ်ကူးစက်ခံရ၊ သံယာအပါအဝင် ထိတွေ့သူများကို ကွာရန်တင်း ထားရှိ
1 / 2
Donate to DVB

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်က သံဃာတော်နှစ်ပါးမှာ နိုဝင်ဘာ ၂၂ ရက်နေ့က ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

ကွမ်းခြံကုန်းမြို့နယ်၊ ကော့ဒွန်းကျေးရွာက ဇေယျဝတီကျောင်းတိုက်ရဲ့ ကျောင်းထိုင်ဆရာတော် ဦးပညာစက္ကနဲ့ သံဃာတော် ဦးသီလဝံသတို့ဟာ အနံ့မရတဲ့အတွက် Test Kit နဲ့ စစ်ဆေးရာကနေ ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ပို့တွေ့သံဃာနှစ်ပါးနဲ့ ထိတွေ့ထားတဲ့ သံဃာ ၃ ပါး၊ ကိုရင် ၃ ပါးနဲ့ လူပုဂ္ဂိုလ် ၆ ဦးကိုတော့ အဲဒီကျောင်းတိုက်မှာပဲ ကွာရန်တင်းထားထားတယ်လို့ ကွမ်းခြံကုန်းမြို့နယ်၊ ဒရယ်လူးကျေးလက်ကျန်းမာရေးဦးစီးဌာနမှူး ဦးညီညီလွင်က ပြောပါတယ်။

လက်ရှိမှာ ပိုးတွေ့သံဃာနှစ်ပါးကို ဆေးကုသမှုခံယူဖို့ ဗဟန်းမြို့နယ်က အဘိစမ္မရတနာယရ အဘိဓမ္မာ ဓမ္မဗိမာန်တော်ကြီး ကုသရေးစင်တာကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့အထိ ကွမ်းခြံကုန်းမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၁၁ ဦး တွေ့ရှိထားပြီး ရောဂါသက်သာလို့ ဆေးရုံကဆင်းလာသူ ၁၆၂ ဦးနဲ့ သေဆုံးသူကတော့ ၈ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

သတင်း - လွင်မိုးအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013