DVB Logo
Home
မြန်မာသတင်း
ကွမ်းခြံကုန်းတွင် အုပ်ချုပ်ရေးမှူးများ ပစ်သတ်ခံရသဖြင့် ဆိုင်ကယ်စီးခွင့်ပိတ်ပင်ခဲ့ဟု နယ်လုံဝန်ကြီးပြော
DVB
·
September 1, 2026
Photo: Yangon Hluttaw
Photo: Yangon Hluttaw
Donate to DVB

စစ်တပ်အာဏာသိမ်းပြီးနောက် ကွမ်းခြံကုန်းမြို့နယ်မှာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကို ဆိုင်ကယ်နဲ့ပစ်ခတ်လုပ်ကြံခဲ့တာကြောင့် ဆိုင်ကယ်စီးခွင့်မပြုကြောင်း စစ်အာဏာရှင်ခန့် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောပါတယ်။

သြဂုတ် ၃၁ ရက်က ပြုလုပ်တဲ့ စစ်အာဏာရှင် တိုင်းလွှတ်တော်အစည်းအဝေးမှာ ကွမ်းခြံကုန်းမြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာဝင်းက ကွမ်းခြံကုန်းမြို့နယ်မှာ တရားဝင်ဆိင်ကယ်စီးနင်းခွင့်ပြုရေးနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ စစ်အာဏာရှင်ခန့် ဗိုလ်မှူးကြီးတင်ဝင်းက ပြန်လည်ဖြေဆိုခဲ့တာဖြစ်ပါတယ်။

“၂၀၂၁ ခုနှစ်မတိုင်ခင်က ကွမ်းခြံကုန်းမြို့နယ်မှာ လယ်ယာလုပ်ငန်းခွင်၊ ကျောင်းပို့ ကျောင်းကြိုနဲ့ ဆေးရုံဆေးခန်းတေါ သွားရာမှာ ဆိုင်ကယ်ကို အဓိကထား အသုံးပြုခဲ့ကြပြီး အဲ့နောက်ပိုင်း ဆိုင်ကယ်စီးခွင့် ပိတ်ထားခဲ့ရာ အခုအခါ သာမန်အခြေအနေတခုရောက်ရှိပြီဖြစ်တဲ့အတွက် ဆိုင်ကယ်စီးခွင့်ပြုနိုင်ဖို့ အစီအစဥ်ရှိ/မရှိ" ဆိုပြီး ဒေါ်စန္ဒာဝင်းက မေးမြန်းခဲ့တာဖြစ်ပါတယ်။

စစ်အာဏာရှင်ခန့် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက “ကွမ်းခြံကုန်းမြို့နယ်မှာ အရင်က လမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့ နေရာတွေမှာ ဆိုင်ကယ်ကို အဓိကအသုံးပြုခဲ့ပေမဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစပြီး ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဆိုင်ကယ်စီးနင်းသူတွေက ပစ်ခတ်လုပ်ကြံခဲ့လို့ ဆိုင်ကယ်စီးခွင့်ကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၈ ရက်မှာ ပိတ်ပင်ခဲ့တယ်” လို့ ပြောပါတယ်။

ကွမ်းခြံကုန်းမြို့နယ်မှာ ဆိုင်ကယ်စီးနင်းခွင့်ပြုပါက တရားမဝင်တင်သွင်းထားသော မော်တော်ဆိုင်ကယ်တွေ စီးနင်းအသုံးပြုပြီး လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ပြန်လည်ခြိမ်းခြောက်လာနိုင်တာ၊ နိုင်ငံ့ဝန်ထမ်းတွေနဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေရဲ့ အသက်အန္တရာယ် ထိခိုက်လာနိုင်တဲ့အတွက် ခွင်မပြုဘူးဆိုပြီး ဖြေကြားခဲ့ပါတယ်။

အုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတဲ့ကိစွနဲ့ ပတ်သက်ပြီး စစ်အာဏာရှင်တပ်က မြို့ခံတွေကို အငြိုးထားကာ သွားလာရေးမှာ ခက်ခဲစေဖို့အတွက် အခုလို လုပ်ဆောင်တာလို့ မြို့ခံတယောက်က DVB ကိုပြောပါတယ်။

“အာဏာသိမ်းပြီး ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ အသတ်ခံရတဲ့ကိစွမှာ ကွမ်းခြံကုန်းက ပြည်သူတွေက သတင်းမပေးလို့ စစ်တပ်က အခုလို အငြိုးထားပြီးလုပ်တာ၊ စစ်တပ်က ဆိုင်ကယ်မစီးရဘူးလို့ ကြေညာပြီး စီးတဲ့သူ ၂ ယောက်၊ ၃ ယောက်လောက်ကို စစ်တပ်က ပစ်ဖမ်းပြီးကတည်းက ဘယ်သူမှ မစီးရဲတော့တာ။” 

လက်ရှိအခြေအနေအထိ စစ်အာဏာရှင်တပ်က တွံတေးခရိုင်အတွင်းရှိ တွံတေး၊ ဒလ၊ ကော့မှူး နဲ့ ကွမ်းခြံကုန်းမြို့နယ်တွေကို ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားပါတယ်။ 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013