DVB Logo
Home
မြန်မာသတင်း
ဖေ့စ်ဘွတ်ခ်နှင့်အင်စတာဂရမ်ပေါ်က အမုန်းစကားအကြောင်းအရာ သိန်း ၂၈၀ ကျော်ကို ဖယ်ရှားခဲ့
DVB
·
November 22, 2020
ဖေ့စ်ဘွတ်ခ်နှင့်အင်စတာဂရမ်ပေါ်က အမုန်းစကားအကြောင်းအရာ သိန်း ၂၈၀ ကျော်ကို ဖယ်ရှားခဲ့
Donate to DVB

ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်ပေါ်က အမုန်းစကားအကြောင်းအရာပေါင်း သိန်း ၂၈၀ ကျော်ကို အခု တတိယ ၃ လပတ်မှာ ဖယ်ရှားခဲ့ပြီး မူဝါဒချိုးဖောက်တာတွေ၊ အမုန်းစကားတွေဟာ အရင်ကာလထက် သိသိသာသာ ပိုများလာတယ်လို့ ဖေ့စ်ဘွတ်ခ်က အစီရင်ခံ ထုတ်ပြန်ပါတယ်။

မနေ့က ထုတ်ပြန်တဲ့ ၂၀၂၀ ပြည့်နှစ် တတိယ ၃ လပတ်ရဲ့ လူမှုစံနှုန်း စည်းကြပ်မှု အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပြီး အမုန်းစကားတွေရဲ့ ၉၅ ရာခိုင်နှုန်းကို အသုံးပြုသူတွေ မတိုင်ကြားခင်မှာပဲ ကြိုတင်စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီကာလမှာ အမုန်းစကား အကြောင်းအရာပေါင်း ၂၂၁ သိန်းကျော်ကို ဖယ်ရှား အရေးယူနိုင်ခဲ့ပြီး အကြမ်းဖက်မှုနဲ့ အများပြည်သူ ကြည့်ရှုဖို့ မသင့်တော်တဲ့ ရုပ်ပုံတွေပါဝင်တဲ့ အကြောင်းအရာပေါင်း ၁၉၂ သိန်းကျော်ကို အရေးယူနိုင်ခဲ့ပါတယ်။ ဒုတိယ ၃ လပတ်မှာ ဒီအကြောင်းအရာက သိန်း ၁၅၀ ပဲ ရှိခဲ့ပါတယ်။

ကလေးသူငယ် အဖော်အချွတ်နဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူကို ချိုးဖောက်တဲ့ အကြောင်းအရာပေါင်း ၁၂၄ သိန်းကျော်ကို အရေးယူခဲ့ပြီး ဒါကလည်း  ဒုတိယ ၃ လပတ်တုန်းက ၉၅ သိန်းပဲ ရှိခဲ့တာပါ။

အနိုင်ကျင့်တာနဲ့ ထိပါးနှောင့်ယှက်တဲ့ အကြောင်းအရာပေါင်း ၃၅ သိန်းကို ဖယ်ရှား အရေးယူခဲ့ပြီး ဒါကတော့ ဒုတိယ ၃ လပတ်ထက် ၁၁ သိန်းပိုလာခဲ့ပါတယ်။

အင်စတာဂရမ်မှာလည်း အခုကာလမှာ အမုန်းစကားတွေက ၂ ဆကျော်တိုးလာခဲ့ပါတယ်။ ဒုတိယ ၃  လပတ်မှာ ၃၂ သိန်းရှိရာကနေ အခုတော့ ၆၅ သိန်းဖြစ်လာပြီး အကြမ်းဖက်မှုနဲ့ အများပြည်သူ ကြည့်ရှုဖို့ မသင့်တော်တဲ့ ရုပ်ပုံတွေပါဝင်တဲ့ အကြောင်းအရာပေါင်းကတော့ အရင်က ၃၁ သိန်းကနေ အခု ၄၁ သိန်းကို အရေးယူနိုင်ခဲ့ပါတယ်။

ကလေးသူငယ် အဖော်အချွတ်နဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူကို ချိုးဖောက်တဲ့ အကြောင်းအရာ ပေါင်းကလည်း ၂ ဆကျော်တိုးလာပြီး အရင်က ၄ သိန်း ၈ သောင်းကျော်ကနေ အခု ၁၀ သိန်း ဖြစ်လာပါတယ်။

အနိုင်ကျင့်တာနဲ့ ထိပါးနှောင့်ယှက်တဲ့ အကြောင်းအရာပေါင်း ၂၆ သိန်းကို ဖယ်ရှား အရေးယူခဲ့ပြီး ဒါကတော့ ဒုတိယ ၃ လပတ်ထက် ၃ သိန်းပိုလာခဲ့ပါတယ်။

သေကြောင်းကြံစည်တာနဲ့ မိမိကိုယ်ကို အနာတရဖြစ်စေတာနဲ့ပတ်သက်တဲ့ အကြောင်းအရာပေါင်း ၁၃ ဒါက အရင်ထက် ၁၀ သိန်းတိုးလာတာပါ။

အင်စတာဂရမ်ရဲ့ အမုန်းစကားတွေကို ကြိုတင်ရှာဖွေနိုင်မှုနှုန်း တိုးတက်လာရတဲ့ အချက်ကတော့ အင်္ဂလိပ်၊ အာရဗစ်၊ စပိန် ဘာသာစကားတွေနဲ့ ကြိုတင်စစ်ဆေးတာမှာ ပိုပြီး ကောင်းမွန် လာတာကြောင့်နဲ့ အလိုအလျောက် စစ်ဆေးနိုင်တဲ့ နည်းပညာကို အဆင့်မြှင့်တင် ပေးနိုင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအချက်အလက်တွေဟာ ၂၀၂၀ ပြည့်နှစ် ဇွန်လကနေ စက်တင်ဘာလအတွင်း ရလဒ်တွေဖြစ်ပြီး ဖေ့စ်ဘွတ်ခ်ရဲ့ မူဝါဒ ၁၂ ခု၊ အင်စတာဂရမ်ရဲ့ မူဝါဒ ၁၀ ခု နဲ့ တိုင်းတာခဲ့တာပါ။

နိုင်ငံတကာ ကျွမ်းကျင်သူတွေ အပါအဝင် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာရှိတဲ့ လူတွေ အများကြီးဆီကနေရတဲ့ မှတ်ချက်တွေအရ လူမျိုး၊ လူမျိုးစု၊ ဇာတိမွေးရပ်၊ ဘာသာရေးနှီးနွှယ်မှု၊ လိင်စိတ်တိမ်းညွတ်မှု၊ ဇာတ်ခွဲခြားမှု၊ လိင်၊ ကျား/မ၊ ကျား/မ ခံယူမှု၊ ပြင်းထန်တဲ့ရောဂါ ဒါမှမဟုတ် မသန်စွမ်းဖြစ်မှု ဆိုပြီး ကာကွယ်ပေးဖို့ သတ်မှတ်ထားတဲ့ ဝိသေသလက္ခဏာတွေကို အခြေခံပြီး တိုက်ရိုက် တိုက်ခိုက်တာမှန်သမျှကို အမုန်းစကားအနေနဲ့ သတ်မှတ်တယ်လို့ ဖေ့စ်ဘွတ်ခ်က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013