DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ကိုဗစ်-၁၉ လူနာသစ် ၇၃ ဦးထပ်တိုး၊ လူနာ ၂ ဦး ထပ်မံသေဆုံး
DVB
·
November 20, 2020
ဧရာဝတီတိုင်းတွင် ကိုဗစ်-၁၉ လူနာသစ် ၇၃ ဦးထပ်တိုး၊ လူနာ ၂ ဦး ထပ်မံသေဆုံး
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာသစ် ၇၃ ဦး တွေ့ရှိခဲ့ပြီး လူနာ ၂ ဦး ထပ်မံသေဆုံးတယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒီနေ့မနက် သတင်းထုတ်ပြန်ပါတယ်။

သေဆုံးသူ ၂ ဦးကတော့ မအူပင်ဆေးရုံကြီးမှာ နိုဝင်ဘာလ ၁၇ ရက်နေ့က ချောင်းဆိုးအသက်ရှုကြပ်လို့ ဆေးရုံတက်ရောက်လာတဲ့ အသက် ၇၀ အရွယ် အမျိုးသားနဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့က ဖျာပုံဆေးရုံကို ရောက်ရှိလာတဲ့ အသက် ၃၄ နှစ်အရွယ် အမျိုးသားတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုဗစ်လူနာ ၇၃ ဦးတွေ့ရှိခဲ့တဲ့ မြို့နယ်တွေကတော့ မော်ကျွန်းမြို့မှာ ၁၆ ဦး၊ ကျုံပျော်မြို့မှာ ၁၄ ဦး၊ ကျိုက်လတ်မြို့မှာ ၈ ဦး၊ ပုသိမ်မြို့နဲ့ ဒေးဒရဲမြို့မှာ ၅ ဦးစီ၊ ဘိုကလေးမြို့၊ ဓနုဖြူ့မြို့နဲ့ ဝါးခယ်မမြို့မှာ ၄ ဦးစီ၊ ဖျာပုံ၊ ရေကြည်၊ ပန်းတနော်၊ မအူပင်မှာ ၂ ဦးစီနဲ့ ဟင်္သာတ၊ ညောင်တုန်း၊ အင်္ဂပူ၊ ဇလွန်နဲ့ မြောင်းမြ စတဲ့မြို့နယ်တွေမှာ ၁ ဦးစီ တွေ့ရှိခဲ့တာပါ။

တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ သီဟအောင်က "အတည်ပြုလူနာတွေထဲမှာတော့ ပိုးတွေ့တဲ့ လူနာထိတွေ့ခဲ့လိုစစ်ဆေးချိန်မှာ တွေ့တာများတယ်၊ နောက် ရန်ကုန်ပြန်တွေလည်းရှိတယ်၊ အနံပျောက်လို့ စစ်ဆေးတဲ့အခါတွေ့တဲ့ လူဦးရေကတော့ နည်းပါတယ်"လို့ DVB ကို ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ပိုးတွေ့လူနာအများဆုံး မြို့နယ်တွေကတော့ stay at home ထုတ်ပြန်ထားတဲ့ မအူပင်မြို့နယ်၊ ပုသိမ်မြို့နယ်နဲ့ ဖျာပုံမြို့နယ်မှာဖြစ်ပြီး stay at home ထုတ်ပြန် နထားတဲ့ ဒေးဒရဲမြို့မှာလည်း လူဦးရေ ၂၀၀ နီးပါး ကူးစက်ခံထားရတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ နိုဝင်ဘာလ ၂၀ ရက်နေ့ မနက် ၉ နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၂၁၆၅ ဦးထိရှိပြီး ဆင်းရုံဆင်းခွင့်ရရှိသူ ၁၅၀၆ ဦးနဲ့ သေဆုံးလူနာ ၇ ဦးရှိတယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

မင်းထက်မုန်း(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013