DVB Logo
Home
မြန်မာသတင်း
မအူပင်တွင် ထောက်ပံ့ကြေးငွေ ကျပ် ၄၀,၀၀၀ မရသဖြင့် ဒေသခံ ၁၀၀ ကျော် ဆန္ဒပြ
DVB
·
November 20, 2020
မအူပင်တွင် ထောက်ပံ့ကြေးငွေ ကျပ် ၄၀,၀၀၀ မရသဖြင့် ဒေသခံ ၁၀၀ ကျော် ဆန္ဒပြ
Donate to DVB

ဧရာ၀တီတိုင်း၊ မအူပင်မြို့မှာ နိုဝင်ဘာလ ၁၉ ရက်နေ့ ညပိုင်းက နိုင်ငံတော် ထောက်ပံ့ကြေးငွေ ကျပ် ၄၀,၀၀၀ မရလို့ ဒေသခံ ၁၀၀ ကျော် အုပ်ချုပ်ရေးမှူးရုံးရှေ့ ထပ်မံဆန္ဒပြခဲ့ကြပါတယ်။

အမှတ် (၈) ရပ်​ကွက်​ ​ထောက်ပံကြေးပေးရာမှာ စာရင်းစတင်​ကောက်ယူကတည်းက ပွင့်လင်းမြင်စွာမရှိခဲ့ဘဲ အိမ်​​ခြေ ၆၄၆ အိမ်​ကို ၁၁၂ အိမ်​သာတင်​ခဲ့ပြီး လက်သင့်ရာကိုသာ စာရင်းကောက်ခဲ့ကြပြီး စာရင်းမပါသူ များပြားတယ်လို့ ရပ်ကွက်နေ အသက် ၈၀ အရွယ်​​ ​ဒေါ်ခင်သန်းက ပြောပါတယ်။

"တကြိမ်လည်းမဟုတ်၊ နှစ်ကြိမ်လည်းမဟုတ်၊ သုံးကြိမ်လည်းမဟုတ်ဆိုတော့ ရင်ထဲမကောင်းဘူးပေါ့။ အသက်က ၈၀ ပြည့်တော့မယ်လေ ဘာမှလုပ်ကိုင်မစားနိုင်တော့ ပိုဆိုးတယ်။ သူတို့အချင်းချင်း လက်သိပ်ထိုးပေးနေတာတွေ မြင်ရကြားရတော့ အခုလို လမ်းပေါ်တတ်ပြီး ဆန္ဒ​ဖော်ထုတ်ရတာပါ။"

နိုင်ငံတော်က ထောက်ပံ့ငွေမရတဲ့အထဲမှာ လမ်းဘေးဈေးရောင်းသူတွေ အိမ်ငှားနေရသူတွေနဲ့ ဈေးမရောင်းရတော့လို့ စားဝတ်နေရေး အကြပ်တည်းရင်ဆိုင်နေရသူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အမှတ် (၈) ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးကျော်မြင့်က  "ကျနော်မနေ့ကလည်း ရှင်းပြပြီးပြီ။ အမှတ် (၈) ရပ်ကွက်မှာ အိမ်ခြေ ၆၄၆ အိမ်ရှိတယ်။ အခြေခံလူတန်းစား လက်လုပ်လက်စား စာရင်းအိမ်ခြေ ၁၁၂ အိမ် စာရင်းတင်ထားတယ်။ အိမ်ခြေ ၁၁၂ အိမ်ကို တစ်အိမ်ထောင် လေးသောင်းနှုန်းနဲ့ နိုင်ငံတော်က ​ထောက်ပံ့ကြေး ပြန်ကျတယ်။ အဲဒီစာရင်းပါတဲ့ ၁၁၂ အိမ်ကိုပဲ ​ဝေပေးထားတာဖြစ်ပါတယ်" လို့ ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အများဆုံးဖြစ်နေလို့ Stay at Home အမိန့် ထုတ်ပြန် ထားတဲ့ မအူပင်မြို့မှာ လူရာနဲ့ချီပြီး လူစုလူဝေးနဲ့ ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်ခဲ့သူ ၁၅ ဦးကို အမှုမှုဖွင့်တရားစွဲဆိုမယ်လို့ မြို့နယ်ရဲတပ်ဖွဲ့က သိရပါတယ်။

နို၀င်ဘာ ၁၇ ရက် မနက်ပိုင်းကလည်း မအူပင်မြို့ အမှတ် (၁၀) ရပ်ကွက်မှာ ကိုဗစ်ကာလ နိုင်​ငံ​တော်​ကပေးတဲ့ ​ထောက်ပံကြေး အပြည့်အဝ မရရှိလို့ ရပ်ကွက်နေပြည်သူတွေက ဆန္ဒ ​ဖော်ထုတ်ခဲ့ပါတယ်။

မင်းထက်မုန်း (ပုသိမ်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013