DVB Logo
Home
မြန်မာသတင်း
စဉ့်ကိုင် ဖလံဗိုလ်ကျေးရွာတွင်ထောက်ပံ့ငွေ ကျပ် ၂၀,၀၀၀ အပြည့်မရသဖြင့် အငြင်းပွားမှုဖြစ်  
DVB
·
November 19, 2020
စဉ့်ကိုင် ဖလံဗိုလ်ကျေးရွာတွင်ထောက်ပံ့ငွေ ကျပ် ၂၀,၀၀၀ အပြည့်မရသဖြင့် အငြင်းပွားမှုဖြစ်  
Donate to DVB

မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ် ဖလံဗိုလ်ကျေးရွာမှာ အစိုးရထောက်ပံ့ငွေ နှစ်သောင်း အပြည့်အဝမရတဲ့ ဒေသခံတွေနဲ့  ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ နိုဝင်ဘာ ၁၈ ရက် မနက်ပိုင်းက အငြင်းပွားမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

စတုတ္ထအကြိမ်မြောက် ထောက်ပံ့ကြေးငွေ ပေးမှုမှာ အိမ်ထောင်စုတစုကို ၁၅၀၀၀ ကျပ် ပေးတာကြောင့် အခုလို အငြင်းပွားမှု ဖြစ်ပေါ်တာပါ။

"ပွင့်လင်းမြင်သာမှုရှိနေရင် ကျနော်တို့ မပြောပါဘူး၊ မြို့နယ်က ဘယ်လောက်ပေးတာလဲ လူထုကို ချမပြဘူး။ ပေးထားတဲ့ စာရင်းအင်းကိုလည်း ရုံးမှာ ကပ်မထားဘူး။ သူတို့ ပြောသမျှ ခေါင်းငုံ့ခံနေရတယ်" လို့ ဖလံဗိုလ်ကျေးရွာနေ ဦးအလီဖွားက ပြောပါတယ်။

သစ်ခေါက်ကျေးရွာအုပ်စု ဖလံဗိုလ်ကျေးရွာမှာ အိမ်ထောင်စု ၄၂၇ စု ရှိပြီး ထောက်ပံ့ကြေး ရရှိတဲ့စာရင်းဝင် အိမ်ထောင်စု ၂၁၉ စု ရှိပါတယ်။ အမှန်တကယ် ဆင်းရဲပေမဲ့ စာရင်းကောက်စဥ် ပုံစံ (၁၀) မရှိတဲ့အတွက် စာရင်းမပါတဲ့ အိမ်ထောင်စု ၇၀ စု ရှိပါတယ်။

သစ်ခေါက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့က စာရင်းဝင် အိမ်ထောင်စု ၂၁၉ စုရဲ့ ထောက်ပံ့ကြေးထဲကနေ တစ်အိမ်ထောင်ကို ငါးထောင်စု နုတ်ယူပြီး စာရင်းမပါတဲ့ အိမ်ထောင်စု ၇၀ ကို ခွဲဝေပေးမှုအပေါ် အငြင်းပွားမှု ဖြစ်တာပါ။

သစ်ခေါက်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးညီညီလွင်က "ဆန်၊ ဆီ၊ ဆား ဝေတုန်းက ပုံစံ ၁၀နဲ့ စာရင်းကောက်ခိုင်းတော့ တကယ်ဆင်းရဲတာ သိပေမဲ့ ပုံစံ ၁၀ မရှိတဲ့ လူတွေကို တင်ပေးမရတော့ ကျန်နေခဲ့တယ်။ ပထမတစ်ကြိမ်တုန်းက အိမ်ထောင်စု ၂၁၉ စု နှစ်သောင်းနှုန်းရတာ အပြည့်ပေးလိုက်တယ်။ အဲအချိန် ပုံစံ ၁၀ မရှိလို့ ကျန်ခဲ့တဲ့ လူတွေက လာအော်တော့ နှစ်သောင်းစီ ရအောင် ပေးလိုက်တယ်၊ နောက် ဒုတိယအကြိမ်၊ တတိယအကြိမ်နဲ့ စတုတ္ထအကြိမ်တွေမှာ နှစ်သောင်းနှုန်း ရပိုင်ခွင့်ရှိတဲ့ လူတွေထဲကနေ ငါးထောင်စီလျော့ပြီး စာရင်းမပါတဲ့လူတွေကို ၁၅၀၀၀ နှုန်း ခွဲဝေပေးခဲ့ပါတယ်" လို့ ပြောပါတယ်။

ဖလံဗိုလ်ရွာမှာ ဖြစ်ပွားခဲ့တဲ့ အငြင်းပွားမှုနဲ့ပတ်သက်ပြီး အိမ်ထောင်စု ၇၀ စုက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို တိုင်ကြားထားတယ်လို့ ဒေသခံတချို့က ပြောဆိုထား ပါတယ်။

စဥ့်ကိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ထွန်းက "တိုင်ကြားလာတဲ့အကြောင်းအရာပေါ် မူတည်ပြီး ရပ်ကျေးကို ကနဦး ဖြစ်စဥ်အမှန် စိစစ်တင်ခိုင်းတယ်။ တင်ပြလာတဲ့အကြောင်းအရာကို ကြည့်ပြီး အောက်ခြေမှာတင် ဆောင်ရွက်လို့ ရတာဆိုရင် ရပ်ကျေးအုပ်ချုပ်ရေးမှူးကို ဆောင်ရွက်စေတယ်၊ မဟုတ်ဘူးဆိုရင်တော့ မြို့နယ်ကနေ ဖြစ်စဥ်အမှန် ကွင်းဆင်းစစ်နေပြီး ဖြေရှင်းပေးတာလည်း ရှိပါတယ်။ ဒီထက်ပိုပြီး ခက်ခဲတယ်၊ အဂတိတွေ ဘာတွေ ရှိလာခဲ့ရင် အဖွဲ့ဖွဲ့ပြီး စိစစ်မှာပါ။ အဲလိုအခြေအနမှာ အထက်အဆင့်ဆင့်ကို တင်ပြပြီး အရေးယူဆောင်ရွက်သွားဖို့ ရှိပါတယ်" လို့ ပြောပါတယ်။

စဥ့်ကိုင်မြို့နယ်မှာ နိုင်ငံတော်က ထောက်ပံ့ကြေးပေးတာနဲ့ပတ်သက်ပြီး ​အငြင်းပွားမှု ပြဿနာ ၅ ခု တိုင်ကြားထားပါတယ်။

သတင်း - သော်တာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013