DVB Logo
Home
မြန်မာသတင်း
ဧရာ၀တီတိုင်းတွင် ကိုဗစ်-၁၉ လူနာသစ် ၁၀၀ ထပ်တိုး၊ အတည်ပြုလူနာပေါင်း ၂,၀၀၀ ကျော် ရှိလာ
DVB
·
November 18, 2020
ဧရာ၀တီတိုင်းတွင် ကိုဗစ်-၁၉ လူနာသစ် ၁၀၀ ထပ်တိုး၊ အတည်ပြုလူနာပေါင်း ၂,၀၀၀ ကျော် ရှိလာ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးမှာ နိုဝင်ဘာလ ၁၈ ရက်နေ့က ကိုဗစ်-၁၉  လူနာသစ် အယောက် ၁၀၀ ထပ်တိုးခဲ့ပြီး အတည်ပြုလူနာပေါင်း အယောက် ၂,၀၃၀ ရှိလာပြီလို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဧရာ၀တီတိုင်းမှာ ထပ်တိုးခဲ့တဲ့ အတည်ပြုလူနာသစ်တွေကတော့  ကျုံပျော်မြို့နဲ့ ကျိုက်လတ်မြို့မှာ ၂၂  ယောက်စီ၊ ဖျာပုံမှာ ၁၄ ယောက်၊ ပုသိမ်မှာ ၉ ယောက်၊ လပွတ္တာနဲ့ ဒေးဒရဲ မှာ ၈  ယောက်စီ၊ ရေကြည်မှာ ၄ ယောက်၊ ကျောင်းကုန်းနဲ့ ဘိုကလေးမှာ ၃ ယောက်စီ၊ မော်ကျွန်းနဲ့ ဟင်္သာတမှာ ၂ ယောက်စီနဲ့ မအူပင်၊ မြောင်းမြနဲ့ မြန်အောင်စတဲ့မြို့နယ်တွေမှာ ၁ ယောက် စီတွေ့ရှိခဲ့တာပါ။

ဧရာ၀တီတိုင်းမှာ အတည်ပြုလူနာအများဆုံးတွေ့ရှိထားတဲ့မြို့နယ်တွေကတော့ မအူပင်မြို့နယ်မှာ အများဆုံးတွေ့ရှိထားပြီး အဲ့နောက်မှာ အများဆုံးကတော့ ပုသိမ်မြို့နယ်နဲ့ ဖျာပုံမြို့နယ်တို့ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ အယောက် ၂,၀၃၀ တွေ့ရှိလာတဲ့ ဧရာ၀တီတိုင်းမှာ ရောဂါသက်သာလာလို့ ဆေးရုံဆင်းခွင့်ရရှိသူ ၁,၄၁၀ ယောက်ရှိပြီး သေဆုံးသူ ၄ ယောက်ရှိတယ်လို့ သိရပါတယ်။

သတင်း-မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013