DVB Logo
Home
မြန်မာသတင်း
ရှမ်းမြောက်က စစ်ဘေးရှောင်မိသားစု ၁,၄၂၃ စုအတွက် ရိက္ခာ ကျပ်သိန်း ၄၀၀ ဖိုးထောက်ပံ့
DVB
·
November 18, 2020
ရှမ်းမြောက်က စစ်ဘေးရှောင်မိသားစု ၁,၄၂၃ စုအတွက် ရိက္ခာ ကျပ်သိန်း ၄၀၀ ဖိုးထောက်ပံ့
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဘေးရှောင်စခန်း ၂၃ ခုက အိမ်ထောင်စု ၁၄၂၃ စု နဲ့ လူဦးရေ ၁၇၂၇၈ ဦးအတွက် စားနပ်ရိက္ခာ ကျပ်သိန်း ၄၀၀ ဖိုးလောက် ကူညီထောက်ပံ့‌နေတယ်လို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင် က ပြောပါတယ်။

ကိုဗစ်ကာလမှာ  စစ်ဘေးရှောင်တွေအတွက်  တအိမ်ထောင်ကို ကျပ်  ၄၀,၀၀၀ နှုန်းနဲ့ နှစ်ခါ ပေးခဲ့ပြီး တခြားလိုအပ်တဲ့ အဆောက်အအုံ၊ ရေ၊ သန့်ရှင်းရေးနဲ့ ကွာရန်တင်းကိစ္စ အတွက် ၈၀'×၃၀' အဆောက်အအုံ ၇ ခု ကိုလည်း စက်တင်ဘာလက  လုပ်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်တစ်ဦးကို  ဆန် ၃ ပြည်ခွဲနှုန်းနဲ့ အိမ်ထောင်စု အလိုက်ထောက်ပံ့ပေးနေပြီး  တစ်အိမ်ထောင်ကို  ဆီ တစ်ပိဿာ၊ ဆား ၅၀သားနဲ့  ကုလားပဲတစ်ပိဿာစီ ထောက်ပံ့ပေး တယ်လို့သိရပါတယ်။

စစ်ဘေးရှောင်စခန်းများကော်မတီတာဝန်ခံ ဦးနောင်လတ်ကတော့ လူတစ်ဦးကို ဆန် တနေ့ နို့ဆီဘူးနှစ်ဘူးနှုန်းနဲ့ ၁၄ ရက်စာ ၂၈ ဘူးပေးပြီး သုံးလတစ်ခါ ၁၄ ရက်စာ ပေးတာ ဒါပါနဲ့ဆို ကိုဗစ်ကာလမှာ နှစ်ကြိမ်ရတယ်လို့ ပြောပါတယ်။ 

“ထောက်ပံ့မှုမရတဲ့ကာလမှာ ခြံထွက်လေးတွေပဲ စားနေတာပါ။ မုန်ညင်းတွေရာသီပေါ် သီးနှံတွေစိုက်ကြပါတယ်။ ကိုဗစ်မဖြစ်ခင်က ရာသီပေါ် မှိုရှာ၊ မျှစ်ရှာ၊ ငါးမျှား၊ အသီးအရွက်ခူးပြီး ရောင်းကြတယ်။ ခုကျသွားလို့လာလို့မရဘူး။ စစ်ဖြစ်နေရင်လည်း ဘယ်မှမသွားရဘူး။ မိုးတွင်းလည်း အတော်ရှာစားရအခက်ဆုံးပါပဲ။ ရာသီဥတုအကူးအပြောင်းမှာ ဖျားနာတာဖြစ်ရင် အရမ်းဒုက္ခရောက်ပါတယ်” လို့ ဦးနောင်လတ်က ပြောပါတယ်။

ကွတ်ခိုင် KBC ကမ့်ကော်မတီက မချောင်းညွယ်ကတော့ “INGOတွေ၊ NGO တွေ ထောက်ပံ့မှုရှိပေမယ့်လည်း ကိုဗစ်ကာလအတွင်းမှာ ချင့်ချိန်စားနေ ရတာပေါ့။ တချို့က ဝက်စာရှာကြတယ်။ တနေ့ ၅၀၀၀-၆၀၀၀ ခြံလုပ်သား နေ့စား အလုပ်လေးတွေတော့ အတွေ့အကြုံရှိသူဆို ခေါ်ကြပါတယ်။ ခုကိုဗစ်ဖြစ်တော့ အလုပ်ကလည်း ရှားတယ်။ နေ့ချင်းပြန်သွားလို့ရတဲ့နေရာတွေပေါ့ တခါတလေ ရှိပါတယ်။ ဆယ်တန်းအောင်ထားတဲ့ လူငယ်တွေအများကြီးရှိပေမယ့် အစိုးရဝန်ထမ်းလို ဝန်ထမ်းအလုပ်တွေလည်း လုပ်ချင်ကြ‌ပေမယ့် မရပါဘူး” လို့ ပြောပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူ၊ မန်တုံမြို့နယ် တို့မှာ စစ်ဘေးရှောင်းစခန်းစုစုပေါင်း  ၂၃ ခု၊ အိမ်ထောင်စု ၁,၄၂၃ စု နဲ့ လူဦးရေ ၁၇,၂၇၈ ဦး ရှိနေပါတယ်။

ကွတ်ခိုင်မှာ စစ်ဘေးရှောင်စခန်း ၁၂ ခု အိမ်ထောင်စုပေါင်း ၈၅၅ စုနဲ့ လူဦးရေ ၁၄,၅၃၉ ဦး၊ နမ့်ခမ်းမှာ စစ်ဘေးရှောင်စခန်း ၆ ခု၊ အိမ်ထောင်စုပေါင်း ၃၈၉ စုနဲ့ လူဦးရေ ၁,၈၈၆ ဦး၊ နမ္မတူမှာ စစ်ဘေးရှောင်စခန်း ၃ ခု အိမ်ထောင်စုပေါင်း ၁၂၂ စုနဲ့ လူဦးရေ ၅၅၅ ဦး၊ မန်တုံမှာ စစ်ဘေးရှောင်စခန်း ၂ ခု၊ အိမ်ထောင်စုပေါင်း ၅၇ စုနဲ့ လူဦးရေ ၂၉၈ ဦး အသီးသီးရှိနေပါတယ်။

သတင်း - နန်းစပယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013