DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ လယ်သိမ်းမြေသိမ်းအမှုတွဲပေါင်း ၃၁၉၃ တွဲကို လက်ရှိအစိုးရလက်ထက် ဖြေရှင်းပြီးစီး 
DVB
·
November 18, 2020
ဧရာဝတီတိုင်း၌ လယ်သိမ်းမြေသိမ်းအမှုတွဲပေါင်း ၃၁၉၃ တွဲကို လက်ရှိအစိုးရလက်ထက် ဖြေရှင်းပြီးစီး 
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီထံ တိုင်ကြားထားတဲ့ အမှုတွဲပေါင်း ၃၅၉၇ တွဲရှိတဲ့ အထဲက အမှုတွဲပေါင်း ၃၁၉၃ တွဲကို လက်ရှိအစိုးရလက်ထက်မှာ ဖြေရှင်းဆောင်ရွက်ခဲ့ပြီး အမှုတွဲ ၄၀၄ တွဲသာ ကျန်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရက ထုတ်ပြန်ထားပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ တိုင်းဒေသကြီးအတွင်း သိမ်းဆည်းခံမြေတွေနဲ့ ပတ်သက်ပြီး မူလမြေပိုင်ရှင် တောင်သူတွေ နစ်နာဆုံးရှုံးမှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်နေပြီး စွန့်လွှတ်မြေတွေကို မူလပိုင်ရှင်တောင်သူတွေ လက်ဝယ်သို့ပြန်လည်ပေးအပ်တာ၊ နစ်နာကြေး လျှော်ကြေးငွေ ပြန်လည်ပေးအပ်တဲ့ လုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြန်လည်စွန့်လွှတ်တဲ့ သိမ်းဆည်းမြေတွေနဲ့ ပတ်သက်ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၂ရက်အထိ ၄ နှစ်တာအတွင်း တိုင်းဒေသကြီးရှိ ၂၆ မြို့နယ်၊ ရပ်ကွက်ကျေးရွာ အုပ်စု ၅၃ အုပ်စုရှိ မူလတောင်သူ ၂၂၃၂ ဦးသို့ လုပ်ပိုင်ခွင့်ပြုလက်မှတ်တွေနဲ့ စွန့်လွှတ်မြေ ၁၂၇၁၅ ဒသမ ၈၅၉ ဧက ကို ပြန်လည်စွန့်လွှတ်ပေးအပ်ခဲ့ပြီး၊ မူလမြေပိုင်ရှင်တောင်သူများ နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် သိမ်းဆည်းမြေတွေကို တောင်သူတွေလက်ဝယ်သို့ ပေးအပ်နိုင်ရေးကို  ဆောင်ရွက်နေကြောင်း သိရှိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အစည်းအဝေးကို နိုဝင်ဘာလ ၁၇ ရက်နေ့မှာ တိုင်းဒေသကြီး အစိုးရရုံးအစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါတယ်။

အစည်းအဝေးကို တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဝန်ကြီးချုပ်ဦးလှမိုးအောင်၊ တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူးရေးသယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းနဲ့ ကော်မတီဝင်တွေ တက်ရောက်ခဲ့ပါတယ်။

သတင်း-စည်သူမောင်မောင်

ဓာတ်ပုံ- Regional Government Office Ayeyarwady

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013