DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ အသစ်ကူးစက်မှု တိုးလာသဖြင့် တောင်ကိုရီးယားတွင် စည်းကမ်းပိုတင်းကျပ်
DVB
·
November 18, 2020
ကိုဗစ်-၁၉ အသစ်ကူးစက်မှု တိုးလာသဖြင့် တောင်ကိုရီးယားတွင် စည်းကမ်းပိုတင်းကျပ်
Donate to DVB

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရဲ့ မြို့လယ်ဒေသမှာ လူချင်းခွာနေရမယ့် စည်းမျဉ်းတွေကို ပြန်ဖြေလျှော့ပြီး တလအကြာမှာ စည်းမျဉ်းတွေကို ပိုတင်းကျပ်တော့မယ်လို့ နိုဝင်ဘာ ၁၇ ရက်မှာ အရာရှိတွေက ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုအသစ်တွေ ပြန်တိုးလာလို့ ကူးစက်မှု တိုက်ဖျက်ရေး အားထုတ်မှုတွေ မအောင်မြင်ခဲ့ရင် ပိုကြီးတဲ့ အကျပ်အတည်း ဆိုက်နိုင်တယ်လို့ အရာရှိတွေက သတိပေးလိုက်ပါတယ်။

ပိုတင်းကျပ်တဲ့ ကန့်သတ်ချက်တွေထဲမှာ လူ အယောက် ၁၀၀ ထက် ပိုမစုဖို့၊ ဘာသာရေး ဝန်ဆောင်မှုတွေကို ကန့်သတ်ဖို့နဲ့ အားကစားပွဲစဉ်တွေမှာ လူဝင်ဆံ့မှုရဲ့ ၃၀ ရာခိုင်နှုန်းကိုသာ ပွဲကြည့်ခွင့်ပေးဖို့၊ ကလပ်တွေနဲ့ ကာရာအိုကေ၊ ဘားတွေမှာ ဧည့်သည်တွေကြား နေရာတွေ ပိုကျယ်ကျယ် ချဲ့ဖို့ စတဲ့ အချက်တွေ ပါပါတယ်။ 

နေ့စဉ် ကူးစက်ခံဦးရေ ၂၀၀ ကျော်တာ လေးရက် ဆက်တိုက်ဖြစ်လာချိန်မှာ ပိုတင်းကျပ်တဲ့ ကန့်သတ်ချက်ကို ကြေညာလိုက်တာပါ။

ရုံးတွေ ဆေးခန်းတွေ၊ ဆိုးလ်မြို့တော်နဲ့ ပတ်ဝန်းကျင်ဒေသတွေက လူစုလူဝေး အငယ်စားတွေကနေတဆင့် အုပ်စုလိုက် ကူးစက်ခံရတာတွေ ဆက်တိုက်ဖြစ်ခဲ့တာပါ။

တောင်ကိုရီးယား လူဦးရေ ၅၂ သန်းရဲ့ တဝက်လောက်ဟာ ဆိုးလ်မြို့တော်နဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013