DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ညမထွက်ရအမိန့် နိုဝင်ဘာလကုန်အထိ တိုးမြှင့်သတ်မှတ်
DVB
·
November 17, 2020
မန္တလေးတွင် ညမထွက်ရအမိန့် နိုဝင်ဘာလကုန်အထိ တိုးမြှင့်သတ်မှတ်
Donate to DVB

လတ်တလော ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေမှာ ထိထိရောက်ရောက် အထောက်အကူပြုစေဖို့အတွက် မန္တလေးတိုင်း‌ဒေသကြီး မြို့နယ်တွေမှာ ညမထွက်ရအမိန့်ကို နိုဝင်ဘာလကုန်အထိ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။

မန္တလေးတိုင်းအစိုးရရဲ့ နိုဝင်ဘာ ၁၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာတော့ အချက် ၁၀ ချက်ပါဝင်ပြီး ရောဂါကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းကတော့ မိမိတို့ နေအိမ်မှာနေထိုင်တာနဲ့ တဦးနဲ့တဉီး ထိတွေ့မှုမရှိအောင်နေထိုင်တာဖြစ်ပြီး အပြင်သွားတဲ့ အခါတိုင်း နှာခေါင်းစည်း Mask တွေ တပ်ဆင်သွားလာဖို့ လိုအပ်ကြောင်း ညွှန်ကြားထားပါတယ်။

ဒါ့အပြင် လူစုလူဝေးဖြစ်ပေါ်နိုင်တဲ့ လူထုအပန်းဖြေနေရာတွေ၊ နိုက်ကလပ်၊ ကာရာအိုကေ/ စင်တင်တေးဂီတ၊ စတိတ်ရှိုးပွဲတွေ၊ ဗီဒီယိုရုံတွေ၊ ရုပ်ရှင်ရုံတွေ၊ ကိုယ်ကာယကြံ့ခိုင်ရေး လုပ်ငန်း(GYM)၊ SPA အလှပြင်လုပ်ငန်း၊ ဘောလုံးကွင်း၊ စကိတ်ကွင်း၊ ဟိုတယ်၊ မိုတယ်တွေနဲ့ တည်းခိုခန်းတွေကိုလည်း ယာယီပိတ်သိမ်းထားရမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပြီး တကယ်လို့ ပိတ်သိမ်းခြင်းမပြုပါက တည်ဆဲဥပဒေအရ အရေးယူမှာဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ပြီး တိုင်းဒေသကြီးအတွင်းက စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်စတဲ့ အစားအသောက်ရောင်းချတဲ့ဆိုင်တွေကိုလည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ Take Away ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ ညွှန်ကြားထားပါတယ်။

ဒါ့အပြင် လူစုလူဝေး အများအပြားနဲ့ ကျင်းပရတဲ့ ဘုရားပွဲတွေ၊ တရားပွဲ/တရားစ ခန်းတွေ၊ မင်္ဂလာဧည့်ခံပွဲတွေ၊ ရဟန်းခံရှင်ပြုပွဲတွေ၊ အခြားပွဲလမ်းသဘင်တွေ၊ လူမှုရေး လုပ်ငန်းတွေ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးပွဲတွေကို ခေတ္တယာယီ ပိတ်သိမ်း ထားဖို့နဲ့ ပိတ်သိမ်းခြင်းမပြုပါက တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ပါဝင်ပါတယ်။

နောက်ထပ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းက တန်ခိုးကြီး ဘုရားစေတီပုထိုး တွေကိုလည်း ဖူးမြော်ခွင့်မပြုသေးကြောင်းနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်ရရှိမှသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွား မယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံတွေက ပြန်လာသူတွေနဲ့ ရောဂါပိုး တွေ့ရှိမှုများပြားတဲ့ မြို့နယ်တွေက ပြန်လာသူတွေအားလုံး Community Based Facility Quarantine ၁၄ ရက်နဲ့ Home Quarantine ၇ ရက် ထားရှိဆောင်ရွက်သွားဖို့၊ လိုက် ဆောင်ရွက်မှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမှာဖြစ်ကာ အဲဒီလိုပြန်လာသူ တွေ တွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်ကော်မတီတွေဆီ အကြောင်းကြားဖို့လည်း ဖော်ပြ ထားပါတယ်။

တိုင်းဒေသကြီးအတွင်း ညမထွက်ရ အမိန့်နဲ့ ပတ်သက်ပြီးတော့လည်း နေ့စဉ်ည ၁၂ နာရီမှ မနက် ၄ နာရီအတွင်း  ဆက်လက်ထားရှိမှာဖြစ်ပြီး လိုက်နာမှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူမယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၆ ရက်ည ၈ နာရီအထိ မန္တလေးတိုင်းဒေသကြီး မြို့နယ် ၂၈ ခုမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၃,၂၀၇ ယောက်၊ သေဆုံးသူ ၁၃ ယောက် ရှိနေခဲ့တာဖြစ်ပြီး တနိုင်ငံလုံးမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၇၀,၁၆၁ယောက်၊ သေဆုံးသူ ၁,၅၉၉ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၅၃,၂၉၉ ယောက်ရှိပြီလို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013