DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၃၈ ဦးထပ်တိုး၊ သေဆုံးသူ ၄ ဦးထိရှိလာ
DVB
·
November 17, 2020
ဧရာဝတီတိုင်းတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၃၈ ဦးထပ်တိုး၊ သေဆုံးသူ ၄ ဦးထိရှိလာ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးမှာ နိုဝင်ဘာ ၁၇ ရက်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အတည်ပြု လူနာသစ် ၃၈ ယောက် တွေ့ရှိခဲ့တယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးမှာ အောက်တိုဘာ ၂၇ ရက်နေ့က ဆေရုံတက်ရောက် ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်လူနာ  တစ်ယောက်  နိုဝင်ဘာလ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက သေဆုံးခဲ့တယ်လို့ သိရပါတယ်။

"ပိုးတွေ့ခဲ့တဲ့ အထဲမှာ အနံ့မရတော့လို့ ဆေးရုံမှာ စစ်ဆေးခဲ့တဲ့ သတင်းထောက်နဲ့ ရာအိမ်မှူးတွေမှာ ပိုးတွေ့ရှိတာ နောက်နှစ်ဦးက ခရီးသွားရာဇဝင်မရှိတဲ့သူတွေပါ"လို့ ရေကြည်မြို့ဆေးရုံ အုပ်ကြီး ဒေါက်တာ ဇော်အောင်က ပြောပါတယ်။

ကိုဗစ်-၁၉ လူနာသစ်တွေထပ်တွေ့တဲ့  မြို့နယ်တွေကတော့ ဒေးဒရဲမြို့မှာ ၁၁ ဦး၊ ပန်းတနော်မြို့မှာ ၆ ဦး၊ ဟင်္သာတမြို့မှာ ၆ ဦး၊ ရေကြည်မြို့မှာ ၅ ဦး၊ မော်ကျွန်းမြို့မှာ ၄ ဦး၊ ကျောင်းကုန်းမြို့မှာ ၂ ဦးနဲ့ ကျိုက်လတ်၊ ဘိုကလေး၊ ဇလွန်နဲ့ ညောင်တုန်းစတဲ့ မြို့နယ်တွေမှာ ၁ ဦးစီတွေ့ရှိခဲ့တာပါ။

ဧရာဝတီတိုင်းမှာ နိုဝင်ဘာ ၁၇ ရက် မနက် ၉ နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၁,၉၃၀ ဦးထိရှိပြီး ဆင်းရုံဆင်းခွင့်ရရှိသူ ၁,၃၃၇ ဦးရှိကာ သေဆုံးလူနာ ၄ ဦးရှိတယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

သတင်း - မင်းထက်မုန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013