DVB Logo
Home
မှုခင်း
မိုင်းဝီးတွင် သစ်ပင်လဲကျပိမိပြီး အမြွှာကလေး ၁ ဦးသေဆုံး
DVB
·
June 10, 2026
Photo : PSLF/TNLA
Photo : PSLF/TNLA
Donate to DVB

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းခရိုင်၊ မိုင်းဝီးမြို့နယ်မှာ အိမ်ပေါ်ကို သစ်ပင်လဲကျပြီး အမြွှာကလေးထဲက ၁ ယောက် သေဆုံး၊ ၃ ယောက် ဒဏ်ရာရတယ်လို့ TNLA ဆီက သိရပါတယ်။

ဇွန် ၉ ရက် မနက် ၈ နာရီလောက်က မိုင်းဝီးမြို့နယ်၊ အထက်ပန်ယုတ်ကျေးရွာမှာ မိုးသည်းသည်းထန်ထန်ရွာခဲ့ပြီး မနက်စာစားနေတဲ့ ဦးအိုက်ဂျွန်တို့ အိမ်ပေါ်ကို သစ်ပင်ကြီးတပင် လဲကျခဲ့ပါတယ်။

အဲဒါကြောင့် ဦးအိုက်ဂျွန်ရဲ့ဇနီးဖြစ်၊ အဒေါ်ဖြစ်နဲ့ အသက် ၅ နှစ်အရွယ် အမြွှာကလေး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ကလေးတယောက်ဟာ ခေါင်းနဲ့ မျက်လုံးမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရတာကြောင့် ဆေးရုံမှာ ကုသနေတုန်း သေဆုံးသွားခဲ့ပါတယ်။

အခင်းဖြစ်နေရာကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ရဲ့ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး လိုအပ်တဲ့အကူအညီနဲ့ စုံစမ်းစစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မိုးရာသီရောက်လာပြီဖြစ်လို့ ပြည်သူတွေအနေနဲ့ အိမ်နဲ့ ပတ်ဝန်းကျင်မှာ သစ်ပင်တွေ၊ သစ်ကိုင်းတွေ ကျိုးကျလဲပြိုနိုင်တဲ့ အခြေအနေနဲ့ မြေပြိုကျနိုင်တဲ့ အန္တရာယ်ရှိနေရာတွေကို အထူးဂရုပြု စောင့်ကြည့်ကြဖို့၊ သဘာဝဘေးအန္တရာယ်တွေကြောင့် အသက်အိုးအိမ် ထိခိုက်ဆုံးရှုံးတာတွေ မဖြစ်စေဖို့ အန္တရာယ်ရှိတဲ့ သစ်ပင်၊ သစ်ကိုင်းတွေကို ကြိုတင်ခုတ်ထွင်    ရှင်းလင်းထားကြဖို့နဲ့ မြေပြိုကျနိုင်ခြေရှိတဲ့ နေရာတွေကနေ ကြိုတင် ရှောင်ရှားနေထိုင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

Photo : PSLF/TNLA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013