DVB Logo
Home
မြန်မာသတင်း
ဘီလူးချောင်း သန့်ရှင်းရေး စည်ပင်နှင့်ပရဟိတအဖွဲ့များ ပူးပေါင်းလုပ်ဆောင်
DVB
·
November 15, 2020
ဘီလူးချောင်း သန့်ရှင်းရေး စည်ပင်နှင့်ပရဟိတအဖွဲ့များ ပူးပေါင်းလုပ်ဆောင်
1 / 9
Donate to DVB

လွိုင်ကော်မြို့တွင်း ဖြတ်သန်းစီးဆင်းနေတဲ့ ဘီလူးချောင်း သန့်ရှင်းသာယာလှပစေရေးအတွက် ဒီနေ့မနက်ပိုင်းကစတင်ပြီး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြပါတယ်။

လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက် ကျောက်ပြားတံတားကနေစတင်ကာ ဘီလူးချောင်းတလျှောက်ရှိ ရေမှော်၊ အမှိုက်၊ ဒိုက်တွေကို ဆယ်ယူပြီး အမှိုက်ကားတွေနဲ့ အမှိုက်ကျင်းကို ပို့ဆောင်ပြီး စုပေါင်းသန့်ရှင်းရေးလုပ်ပြုခဲ့တာပါ။

လွိုင်ကော်မြို့စည်ပင်သာရေးအဖွဲ့၊ လွိုင်ကော်မြို့က ဖေးကူလက်များပရဟိတအဖွဲ့၊ ရွှေအင်းသားမုံပြာပရဟိတအဖွဲ့၊ ဝစ္စကုဋိလူငယ်မောင်မယ်များအဖွဲ့တွေ အပါအဝင် တခြား ပရဟိတအဖွဲ့တွေပူးပေါင်း လူအင်အား ၁၀၀ ကျော်နဲ့ စုပေါင်း န့်ရှင်းရေးလုပ်တာဖြစ်ပါတယ်။

ဘီလူးချောင်းဟာ ဒေသခံတွေသာမက တနိုင်ငံလုံးအသုံးပြုတဲ့ လျှပ်စစ်ထုတ်လုပ်တဲ့ နေရာမှာလည်း မရှိမဖြစ်လိုအပ်တဲ့ ချောင်းဖြစ်တဲ့အတွက် ဒိုက်တွေ မှော်တွေ၊ အမှိုက်တွေ ပြည့်နက်နေရင် ချောင်းကြီးတိမ်ကောသွားနိုင်တဲ့တွက် ခုလို ပရဟိတဲအဖွဲ့နဲ့ပူးပေါင်းပြီး စုပေါင်းသန်းရှင်းရေးလုပ်တာလို့  လွိုင်ကော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး အမှုဆောင်အရာရှိ ဦးသန်းထွန်းက ပြောပါတယ်။

“ကျနော်တို့ ဘီလူးချောင်းဟာ အခုဆိုရင် ရေစီးကွေ့တွေမှာရော၊ တကယ့်ကို ရေ တားတဲ့နေရာမှာ အမှိုက်တွေ တော်တော်လေးကို သွားစုနေတယ်။ တချို့စည်းကမ်းမဲ့တဲ့ ပြည်သူတွေကြောင့် ဝက်သေတွေ၊ ကြက်သေတွေ၊ မလိုလားအပ်တဲ့ အမှိုက်တွေ၊ အညစ်အကြေးတွေ လာပစ်တဲ့အတွက်ကြောင့် ကျနော်တို့ ဘီလူချောင်းအောက်မှာရှိတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးကိုထိခိုက်နိုင်တယ်။ အဓိက ကျနော်တို့ ဒီဟာကြီး တိမ်ကောသွားမှာကို စိုးရိမ်တယ်။ နောက်တခု ဘီလူးချောင်းရဲ့ကြမ်းပြင်တွေ တက်လာတဲ့အခါ တနေ့ကျရင် တိမ်ကောသွားနိုင်တယ်။ တိမ်ကောသွားရင် ကျနော်တို့ရဲ့ သယံဇာတတခုဖြစ်တဲ့ ရေအားလျှပ်စစ်ထုတ်လုပ်တဲ့နေရာမှာ အများကြီး ပိုအနှောင့်အယှက်ဖြစ်နိုင်တယ်။” 

ဘီလူချောင်းရေဟာ အများပြည်သူ သောက်သုံးရေ ဖြစ်တာကြောင့် ကျန်းမာရေးထိခိုက်လာမှာကို စိုးရိမ်တဲ့အတွက် အခုလို စတင်လုပ်ဆောင်တာလို့ ဝစ္စကုဋိပရဟိတအဖွဲ့က ကိုဇော်ထက်က ပြောပါတယ်။

“ခါတိုင်းက ဘီလူးချောင်းက ရေစီးတယ်ဗျာ။ အခုဟာက မိုးကလည်း သိပ်မကောင်းဘူးလေ။ မကောင်းတော့ လောပိတကလည်း ရေကို လိုသလောက်ပဲ ဖွင့်ပြီးတော့ အသုံးပြုတယ်ပေါ့နော်။ အပေါ်မိုးဗြဲရေကာတာကလည်း ပိတ်တော့ ရေစီးရေလာက အဆင်မပြေတော့ဘူး။ နောက်တချက်က ကျနော်တို့ လွိုင်ကော်မြို့က တော်တော်များများက ရေဆိုးဆင်းတဲ့မြောင်းတွေအကုန်လုံးက ဘီလူးချောင်းထဲကို လွှဲထားတာဗျာ။ အဲခါကျတော့ ဘီလူးချောင်းက လုံးဝအနံ့ခံရတာ အဆင်မပြေတော့ဘူး။ ဒိုက်တွေ၊ မှော်တွေရော အမှိုက်တွေရော အကုန်လုံးလာပစ်တော့ ပြည့်ကြပ်နေပြီ။ နောက်တချက်က ဘာလဲဆိုတော့ လောပိတ ၄ မိုင်စပြကနေစပြီး အောက်ဘက်က လူတွေက ရေမထွက်ဘူးဗျာ။ အဲဒီဘက်ကြောတွေက၊ ဒီဘီလူးချောင်းရေကိုပဲ အမှီပြုပြီးတော့ သုံးရေ၊ ချိုးရေ၊ အကုန်လုံး ဒါပဲ အကုန်လုံး အသုံးပြုကြတာဗျာ။ တချို့ဆို ရေနွေးကျိုပြီး သောက်ရတဲ့အဆင့် ဖြစ်တာပေါ့နော်။ လွိုင်ကော်မြို့ပေါ်မှာလည်း ချိကယ်တို့၊ မင်းစုတို တော်တော်များများ ရေစက်တွေ ဘီလူးချောင်းထဲမှာ ချပြီးတော့ ရေတင်ကြတယ်။ အဲဒီတော့ ဒီဘီလူးချောင်းရေက ဒီလောက် ညစ်ပတ်နေလို့ရှိရင် အဆင်မပြေဘူးဆိုပြီး ကျနော်တို့အဖွဲ့တွေ စုစည်းပြီးတော့ ဘီလူးချောင်း သန့်ရှင်းရေးကို လုပ်ဆောင်ကြမယ်ဆိုပြီးတော့ ဝိုင်းညှိပြီး လုပ်ဖြစ်သွားတယ်။”

ဒါ့အပြင် လွိုင်ကော်မြို့ဟာ အာဆီယံ အသန့်ရှင်းဆုံးမြို့တော်အနေနဲ့ ဆုရထားတဲ့အတွက် ဒါကို ဆက်လက်ထိန်းသိမ်းသွားဖို့လည်း လွိုင်ကော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး အမှုဆောင်အရာရှိ ဦးသန်းထွန်းက တိုက်တွန်းပြောဆိုပါတယ်။

“ကျနော်တို့ အာဆီယံမှာရတဲ့ဆုဟာ ပေါ့ပေါ့တန်တန် မဟုတ်တဲ့အတွက်ကြောင့် နောက်ထပ်ဆုမရရင်တောင်မှ ရထားတဲ့ဆုကို လက်လွှတ်ဆုံးရှုံးမခံဘဲနဲ့ ပြည်သူတွေက ကျနော်တို့နဲ့ပူးပေါင်းပြီး ကျနော်တို့ လုပ်ဆောင်ဖို့။. လူဦးရေတိုးလာတာနဲ့အမျှ နေ့စဉ်နဲ့အမျှ အမှိုက်တွေကလည်း တိုးလာတယ်။ အဲဒီထဲမှာမှ စည်းကမ်းမရှိတဲ့ပြည်သူတွေ၊ စည်းကမ်းမရှိတဲ့ ဈေးသည်တွေကြောင့် ကျနော်တို့ရဲ့ ပုံရိပ်ကြီး ကျမသွားစေချင်ဘူး။ ဒါကြောင့် ကျနော်တို့ကလည်းပဲ ဒါနဲ့ပတ်သက်ပြီး အရေးယူတယ်။ မနှစ်ကလည်း ကျနော်တို့ အရေးယူတဲ့အပိုင်းတွေ ရှိလာတယ်။ တွေ့တဲ့အလှည့်လည်း တွေ့တာပေါ့။ မတွေ့တဲ့အတိုင်းတော့လည်း ကျနော်တို့ သတိပေးဆိုင်းဘုတ်တွေ၊ ပညာပေးတာတွေ၊ ရပ်ကွက်အတွင်းမှာ ရပ်ကွက်အလိုက် ညနေညနေဆိုရင် ကျနော်တို့ ဘီလူးချောင်းထဲမှာ သန့်ရှင်းသာယာလှပဖို့ စည်းကမ်းမဲ့ အမှိုက်မပစ်ဖို့ ရပ်ကွက်တွေကို ကျနော်တို့ ပညာပေးတဲ့ကဏ္ဍလေးတွေ ဆောင်ရွက်ထားတာရှိပါတယ်။ ဘီလူးချောင်းဘေးမှာလည်း ကျနော်တို့ တပတ်ကို နှစ်ကြိမ် ဆောင်ရွက်ပေးပါတယ်။ ဒီနေရာမှာ ကျနော်တို့အနေနဲ့ ပြည်သူတွေကို ထပ်လောင်းပြီးပြောချင်တာကတော့ ဝိုင်းဝန်းကူညီပေးပါ။  စည်ကမ်းမဲ့ အမှိုက်ပစ်တဲ့ ပြည်သူတွေ့ရင် ကျနော်တို့ကို သတင်းပို့ပါ။ ဒါလေးတွေကိုလည်း ကျနော် ပြောချင်ပါတယ်။”

ဒီလိုပူးပေါင်းသန့်ရှင်းလုပ်ဆောင်မှုကို ဒေါ်ဥခူ ကျောက်ပြားတံတာကနေ နမ့်ကွတ်ရပ်ကွက်အထိ ချောင်းတလျှောက် လုပ်ဆောင်ဖို့စီစဉ်ထားပြီး ဒီနေ့နဲ့အပြီးမလုပ်နိုင်ရင် နောက်တပတ်မှာ ဆက်လုပ်သွားမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အခုတ ကြိမ် သန့်ရှင်းရေလုပ်တာဟာ အမှိုက်တွေကိုသာကောက်ခြင်းမလုပ်ပဲ ရေအောက်မှာရှိတဲ့ မှော်တွေ၊ ဒိုက်တွေကိုပါ ရေငုပ်ပြီး တံစဉ်တွေနဲ့ ဖြတ်တဲ့အနေအထားအထိ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

အခုနှစ်အတွင်း ပူးပေါင်းပြီး ဘီလူးချောင်း သန့်ရှင်းရေးလုပ်တာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ အခုနှစ်အတွင်းမှာတော့ စည်ပင်သာယာရေးအဖွဲ့က အမှိုက်ရှင်းလင်းမှု ၂ ကြိမ် လုပ်ဆောင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013