DVB Logo
Home
မြန်မာသတင်း
ပိုက်လိုင်းရေသွယ်သည့်အိမ်များ ရေမသုံးလည်း ၁၀ ယူနစ်ခ ပေးဆောင်ရမည်ဟု YCDC ကြေညာ
DVB
·
August 21, 2026
Photo: YCDC
Photo: YCDC
Donate to DVB

ရန်ကုန်မြို့မှာ ပိုက်လိုင်းရေသွယ်တန်းထားတဲ့ နေအိမ်တွေအနေနဲ့ ရေမသုံးစွဲလည်း တလကို ၁၀ ယူနစ်စာ ကျသင့်ငွေ ကျပ် ၃,၃၀၀ ပေးဆောင်ရမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) က ကြေညာထားပါတယ်။

သောက်သုံးရေ အခြေခံသုံးစွဲမှု ပမာဏအနေနဲ့ နေအိမ်တွေ ၁၀ ယူနစ်၊ စီးပွားသုံး ၂၀ ယူနစ်၊ လုပ်ငန်း/စက်ရုံသုံးအတွက် ၃၀ ယူနစ် သတ်မှတ်ထားပြီး အဲဒီအတွက် ကျသင့်ငွေကို မဖြစ်မနေ ပေးဆောင်ရမယ်လို့ YCDC အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က သြဂုတ် ၁၉ ရက်မှာ အသိပေးထားတာပါ။

အခြေခံရေသုံးစွဲမှုပမာဏအပေါ် သတ်မှတ်ထားတဲ့ နှုန်းထားမှာ နေအိမ်အတွက် တယူနစ် ၃၃၀ ကျပ်၊ စီးပွားသုံး ၅၅၀ ကျပ်၊ နိုင်ငံသား လုပ်ငန်း/စက်ရုံသုံး ၆၆၀ ကျပ် ပေးသွင်းရမှာဖြစ်ပြီး ပိုသုံးရင် သုံးသလောက် ကျသင့်ငွေ ပိုကုန်ကျမယ်လို့လည်း ဆိုပါတယ်။

ပိုက်လိုင်းရေဆက်သွယ်တန်းထားသူတွေအနေနဲ့ အခြေခံရေသုံးစွဲမူပမာဏကို မဖြစ်မနေ ပေးသွင်းရမယ် ဆိုတဲ့အတွက် နေအိမ်တွေက တလကို ၁၀ ယူနစ်စာ ၃,၃၀၀ ကျပ်၊ စီးပွားသုံးက ၂၀ ယူနစ်စာ ၁၁,၀၀၀ ကျပ်၊ လုပ်ငန်း/စက်ရုံတွေက ယူနစ် ၃၀ အတွက် ၁၉,၈၀၀ ကျပ် ရေမသုံးလည်း ပေးသွင်းရဖို့ရှိနေတာ ဖြစ်ပါတယ်။

တာမွေမြို့နယ်မှာနေတဲ့ ပိုက်လိုင်းရေသွယ်ထားသူတယောက်က “သုံးလို့ ပေးရတာ မပြောလိုဘူး။ မသုံးလည်း ပေးရမယ်ဆိုတာက အဓိပ္ပာမှမရှိတာ။ သက်သက် အနိုင်ကျင့်သလို ခံစားရတယ်" လို့ ပြောပါတယ်။

ဒါ့အပြင် ရေသုံးသလောက် ကျသင့်နှုန်းထားမြင့်တဲ့စနစ် ကျင့်သုံးမှာဖြစ်တဲ့အတွက် ရေသုံးစွဲတာ ၃၀ ယူနစ်ကျော်ရင် ၅၅၀ ကျပ်၊ ၆၀ ယူနစ်ကျော်ရင် ၆၆၀ ကျပ် တိုးမြှင့်မှာဖြစ်သလို နိုင်ငံခြားသားတွေ ရေသုံးစွဲတဲ့ပမာဏ ၃၀ ယူနစ်ကျော်ရင်တော့ ၁,၁၀၀ ကျပ်၊ ၆၀ ယူနစ်ကျော်ရင် ၁,၃၂၀ ကျပ် ပေးဆောင်ရမယ်လို့လည်း YCDC က အသိပေးထားပါတယ်။

လက်ရှိ ရန်ကုန်မှာ နေထိုင်သူတွေအနေနဲ့ စည်ပင်ရေပိုက်လိုင်းက ဖြန့်ဖြူးတဲ့ သောက်သုံးရေကို အဓိကထား အသုံးပြုနေရတာဖြစ်ပေမဲ့ ပုံမှန်ရေမလာတာ၊ ရေအားနည်းတာတွေ မကြာခဏ တွေ့ကြုံနေရတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။

အဲဒီလို ရေပေးဝေတာ အဆင်ပြေအောင် မလုပ်ပေးနိုင်ဘဲ ရေသုံးစွဲမှုအပေါ် ကန့်သတ်တဲ့အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013