DVB Logo
Home
မြန်မာသတင်း
တရုတ်နယ်စပ် ကချင်ပြည်နယ် လွယ်ဂျယ်တမြို့လုံး ပိုးသတ်ဆေးဖျန်း
DVB
·
November 15, 2020
တရုတ်နယ်စပ် ကချင်ပြည်နယ် လွယ်ဂျယ်တမြို့လုံး ပိုးသတ်ဆေးဖျန်း
Donate to DVB

တရုတ်နယ်စပ်မြို့ ကချင်ပြည်နယ်  လွယ်ဂျယ်မှာ နိုဝင်ဘာ ၁၃ ရက်နေ့က ကိုဗစ်-၁၉ လူနာ ၃ ဦး ပထမဆုံး တွေ့ရှိခဲ့တာကြောင့် ဒီနေ့မနက်ပိုင်းကစပြီး တစ်မြို့လုံးကို ပိုးသတ်ဆေး ဖျန်းခဲ့တယ်လို့ သိရပါတယ်။

လွယ်ဂျယ်မြို့ရှိ မေတ္တာမွန်နာရေး ကူညီမှုအသင်းသားတွေနဲ့ ယာဉ်မောင်းတွေ ပရဟိတလူမှု‌ရေးအသင်း ကားသမားတွေ စုပေါင်းပြီး လွယ်ဂျယ်မြို့ရှိ လူ စည်ကားရာနေရာတွေ၊ ကွာရန်တင်းစင်တာတွေအပါအဝင် တမြို့လုံး ဆေးဖျန်းခဲ့တာလို့ ဦးဆောင်ပါဝင်ခဲ့သူတဦးက ပြောပါတယ်။

လွယ်ဂျယ်မြို့မှာ ရန်ကုန်ကနေ လာရောက်တဲ့ လူ ၃ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပြီး သူတို့ကိုခေါ်လာတဲ့ ယာဉ်မောင်းနဲ့ ထိစပ်ခဲ့သူ ၂၇ ယောက်မှာတော့ ရောဂါပိုးမရှိရဘူးလို့ သိရပါတယ်။

လွယ်ဂျယ်မြို့ကို မြန်မာနိုင်ငံအရပ်ရပ်က ကုန်တင်ကားတွေက ယာဉ်မောင်းနဲ့ အကူနှစ်ဦးသာ ကျန်းမာရေးထောက်ခံချက်နဲ့ စစ်ဆေးမှုခံယူပြီးမှ လာရောက်စေတာလည်း ဖြစ်ပါတယ်။

ပထမဆုံး ပိုးတွေ့လူနာ ၃ ဦးမှာလည်း ကျန်းမာရေးထောက်ခံစာပါရှိလာလို့ သူ့အနေနဲ့ ပို့ ဆောင်ပေးတာလို့ ပိုးတွေ့လူနာ ၃ ဦးအား တင်ဆောင်ခဲ့တဲ့ ကားသမားကပြောပါတယ်။

ကိုဗစ်-၁၉ လူနာ ပထမဆုံးတွေ့ရှိခဲ့တဲ့ လွယ်ဂျယ်မြို့နယ်က ၃ ဦးအပါအဝင် ဗန်းမော်ခရိုင်မှာ ပိုးတွေ့လူနာ ၇ ဦးရှိပြီဖြစ်ပြီး ၂ ဦးကတော့ ဆေးရုံက ဆင်းသွားပြီလို့ သိရပါတယ်။

သတင်း - ဇော်လင်းအောင် (ဗန်းမော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013