DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲရလဒ်ကို အယုံအကြည်မရှိကြောင်း ကြံ့ခိုင်ရေးပါတီဝန်းရံသူများ ဆန္ဒထုတ်ဖော်
DVB
·
November 15, 2020
ရွေးကောက်ပွဲရလဒ်ကို အယုံအကြည်မရှိကြောင်း ကြံ့ခိုင်ရေးပါတီဝန်းရံသူများ ဆန္ဒထုတ်ဖော်
1 / 11
Donate to DVB

ကျင်းပပြီးစီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့က အထွေထွေရွေးကောက်ပွဲမှာ ထွက်ပေါ်လာတဲ့ ရလဒ်တွေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိကြောင်း ကြံ့ခိုင်ရေးပါတီ ဝန်းရံသူတွေက နေပြည်တော်မှာ ဒီနေ့မနက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဝန်းရံသူတွေ အင်အား ၁ ထောင်လောက် နိုဝင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းက ဥတ္တရသီရိမြို့နယ် ရွှေနံ့သာဘောလုံးကွင်းမှာ စု ဝေးဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ရွေးကောက်ပွဲကော်မရှင် အယုံအကြည်မရှိ၊ ရွေးကောက်ပွဲရလဒ် အယုံအကြည်မရှိ၊ ကိုဗစ်ငွေကြေး မဲဝယ်ပေး အလိုအရှိ စတဲ့အချက်သုံးချက်ကို ကြွေးကြော်ပြီး ရွေးကောက်ပွဲ စတင်ပြင်ဆင်တာကနေ ရွေးကောက်ပွဲရလဒ်ထွက်ပေါ်တဲ့အထိ ဆောင်ရွက်ခဲ့တဲ့ တရားမဲ့ပြုကျင့်မှုတွေကို သုံးသပ်ခြင်းဆိုပြီး ဆွေးနွေးမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်အယောက် ၉၂၀၊ ကြံ့ခိုင်ရေးပါတီက ၇၁ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၄၂ ဦး၊ ရခိုင်အမျိုးသားပါတီက ၁၅ ဦး အများဆုံး အနိုင်ရရှိခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013