DVB Logo
Home
မြန်မာသတင်း
အုတ်ဖို အထည်ချုပ်စက်ရုံတခုက အလုပ်သမား ၂ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
DVB
·
November 14, 2020
အုတ်ဖို အထည်ချုပ်စက်ရုံတခုက အလုပ်သမား ၂ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Donate to DVB

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်က အထည်ချုပ်စက်ရုံတခုမှာ အလုပ်လုပ်နေသူ ၂ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ သိရပါတယ်။ 

အတည်ပြုလူနာ ၂ ဦးဟာ JMKS အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်‌နေသူတွေဖြစ်ကာ အနံ့မရလို့ နိုဝင်ဘာ ၁၃ ရက်‌နေ့က‌ ‌ဆေးရုံလာပြတာကြောင့် Quarantine ဝင်ခိုင်းပြီး ဒီနေ့ RTD နဲ့ စစ်ဆေးရာမှာ ရောဂါပိုးတွေ့ရှိခဲ့တာလို့ မြို့နယ်ကျန်းမာ‌ရေးမှူး ဦးအေးမင်းထွန်းက ပြောပါတယ်။

အတည်ပြုလူနာတွေရဲ့နေအိမ်နဲ့ သွားရောက်ခဲ့တဲ့ နေရာတွေကို လော့ဒေါင်းချထားသလို ထိတွေ့သူတွေကို ဆက်လက်စုံစမ်းနေပြီး လိုအပ်သလို လုပ်ဆောင်သွားမယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

JMKS အထည်ချုပ်စက်ရုံမန်နေဂျာ ဦးကိုသက်က စက်ရုံကို ၁၃၊ ၁၄၊ ၁၅ ရက်ပိတ်ထားပြီး ကျန်းမာရေးဌာနက တာဝန်ရှိသူတွေ၊ လူမှူကူညီရေးအသင်းတွေ၊ ဌာနဆိုင်ရာလူကြီးတွေနဲ့ပူ ပေါင်းပြီး စက်ရုံကို ဆေးဖျန်းတာတွေ လုပ်ဆောင်ထားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အတည်ပြုလူနာတွေနဲ့ ထိတွေ့မှူရှိတဲ့သူတွေကို Home Stay နေခိုင်းဖို့ ချိတ်ဆက်လုပ်ကိုင်နေပြီး စက်ရုံကိုလည်း ဌာနဆိုင်ရာတွေရဲ့ ညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အုတ်ဖိုမြို့နယ်မှာ နိုဝင်ဘာ ၁၄ ရက်နေ့ နေ့လယ်အထိ အတည်ပြုလူနာ အယောက် ၆၀ ရှိတဲ့အနက် ၅၃ ယောက်ဆေးရုံဆင်းခွင့်ရရှိပြီး ၇ ယောက်ကိုတော့ အုတ်ဖိုဆေးရုံမှာ ထားရှိကုသပေးနေတယ်လို့ သိရပါတယ်။

သတင်း - သက်နိုင်ဝင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013