DVB Logo
Home
မြန်မာသတင်း
ကိုဗစ်လူနာသစ်  ၁,၁၃၆ ဦးတွင် အနံ့မရသူ ၂၃၃ ဦးပါဝင်၊ ရန်ကုန်က  ၇၅၂ ဦးဖြင့် အများဆုံးတွေ့
DVB
·
November 14, 2020
ကိုဗစ်လူနာသစ်  ၁,၁၃၆ ဦးတွင် အနံ့မရသူ ၂၃၃ ဦးပါဝင်၊ ရန်ကုန်က  ၇၅၂ ဦးဖြင့် အများဆုံးတွေ့
Donate to DVB

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ်  ၁,၁၃၆ ယောက်ထဲမှာ ရန်ကုန်တိုင်း က  ၇၅၂ ယောက်နဲ့ အများဆုံးပါဝင်နေပြီး ဒဂုံမြို့သစ်အရှေ့ပိုင်းက ၅၇ ယောက်နဲ့ အများဆုံး ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ညနေ ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ ဒဂုံမြို့သစ်အရှေ့ပိုင်းက ၅၇ ယောက်၊ မင်္ဂလာဒုံက ၅၃ ယောက်၊ သာကေတ ၄၆ ယောက်၊ မရမ်းကုန်း ၄၅ ယောက်၊ အင်းစိန် ၄၁ ယောက်စီနဲ့ အများဆုံးတွေ့ရှိခဲ့ပြီး စုစုပေါင်းမြို့နယ် ၄၀ ခု ပါဝင်နေတာ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ်   ၁၆ ခုမှာ ၁၁၂ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၄ ခုမှာ ၆၅ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၄ ခုမှာ ၁၂ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၄ ခုမှာ ၁၀၅ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၇ ခုမှာ ၃၄ ယောက်၊ မကွေးတိုင်းမြို့နယ် ၇ ခုမှာ ၁၁ ယောက်၊ ကရင်ပြည်နယ်မြို့နယ် ၃ ခုမှာ ၅ ယောက်၊ စစ်ကိုင်းတိုင်း မြို့နယ် ၂ ခုမှာ ၁၇ ယောက်၊  နေပြည်တော်မြို့နယ် ၅ ခုမှာ ၇ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၂ ခုမှာ ၄ ယောက်၊ တနင်္သာရီတိုင်း မြိတ်မြို့မှာ ၁၀ ယောက်၊ ချင်းပြည်နယ် မြို့နယ် ၂ ခုမှာ ၂ ယောက် အသီးသီး တွေ့ရှိခဲ့ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၂၃၃ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၁၃ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း  ၆,၆၇၄ ယောက်၊ သေဆုံးသူ ၁,၅၃၄ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၅၀,၃၃၆   ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၃ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၃ သန်းလောက်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၇ ဒသမ ၅ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013