DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအနိုင်ရမှုအပေါ် ဗြိတိန်သံအမတ် ဒန်ချက်က ဂုဏ်ပြုစကား ပြော
DVB
·
November 14, 2020
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအနိုင်ရမှုအပေါ် ဗြိတိန်သံအမတ် ဒန်ချက်က ဂုဏ်ပြုစကား ပြော
Donate to DVB

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်မှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီပါတီက အနိုင်ရရှိခဲ့မှုအပေါ် ဗြိတိန်သံအမတ် ဒန်ချက်က ဂုဏ်ပြုစကား ပြောလိုက်ပါတယ်။

“အထွေထွေရွေး‌ကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့အတွက် ကျနော်ဂုဏ်ယူပါတယ်။ မဲပေးသူအရေအတွက် များပြားခြင်းနဲ့ ရွေးကောက်ပွဲအပေါ် စိတ်အားထက်သန်မှုတွေဟာ မြန်မာ့ဒီမိုကရေစီလမ်းကြောင်းမှာ အရေးပါတဲ့ မှတ်တိုင်အဖြစ် အထင်အရှားကျန်ခဲ့မှာပါ။ ဒီမိုကရက်စီ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ဖို့အတွက် တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ အတူပူးပေါင်းလုပ်ဆောင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆန္ဒကိုလည်း ကျနော်တို့ သိရှိရတာ ဝမ်းသာပါတယ်။ မြန်မာနိုင်ငံရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ အပြည့်အဝရရှိရေးမှာလည်း ယူကေအစိုးရက ပံ့ပိုးသွားဖို့ မျှော်လင့်ပါတယ်။”

လတ်တလောမှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ မဲရလဒ်တွေကို ကြေညာပေးနေဆဲဖြစ်ပြီး အန် အယ်လ်ဒီပါတီရဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအခြေအနေပြ Dashboard မှာတော့ ပါ တီအနေနဲ့ ပြည်သူ့လွှတ်တော်မှာ ၂၅၈ နေရာနဲ့ အမျိုးသားလွှတ်တော်မှာ ၁၃၈ နေရာ အနိုင်ရရှိထားတယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013