ချောက်တွင် ကိုယ်ဝန်ဆောင်မိခင် ၁ ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ
DVB
·
November 14, 2020

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မှာ ကိုယ်ဝန်ဆောင်မိခင် ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ခဲ့တယ်လို့ မြိုနယ်ကျန်းမာရေး ဦးစီးဌာနက သိရပါတယ်။
မြို့နယ်ကျန်မာရေးဌာန ကူးစက်ရောဂါတာဝန်ခံ ကျန်းမာရေးမှူး ဦးသူရအောင် “ရန်ကုန်ပြန် FQ မှာထားတဲ့ လူနာပါ။ ၁၂ ရက်နေ့ကရောက်တယ်၊ အဲဒီနေ့မှာပဲ စစ်တာ ဒီကနေ့သိရတာ” လို့ ပြောပါတယ်။
ချောက်မြို့နယ် တွင်လပ်အုပ်စု ကဗျူကျေးရွာနေ အသက် ၂၀ အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ ရန်ကန်ကပြန်လာပြီး အမှတ် ၁၀ အေးစေတီရပ် မဟာစည်ရိပ်သာမှာ ကွာရင်တင်း ထားရှိထားတာဖြ်ပြီး သူနဲ့အတူ ဆေးစစ်ခဲ့သူ ၁၃ ဦးမှာတော့ ပိုးမတွေ့ရှိဘူလို့ သိရပါတယ်။
ချောက်မြို့နယ်မှာ ဒီနေ့မနက်အထိ ပိုးတွေ့လူနာပေါင်း ၂၄ ယောက်ရှိပြီး ပြည်သူ့ဆေးရုံမှာ လက်ရှိ ၆ ဦးသာ ဆေးကုသမှုခံယူနေကာ ကျန်လူနာတွေကတော့ သက်သာ ပျောက်ကင်းသွားပြီလို့ သိရပါတယ်။
ကိုလင်း(ချောက်)