DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်ရှိ အခြေခံလူတန်းစားအိမ်ထောင်စု ၁ သိန်းကျော်ကို ကျပ်သိန်း ၃၀၀၀၀ ကျော် ထောက်ပံ့မည်
DVB
·
November 14, 2020
မွန်ပြည်နယ်ရှိ အခြေခံလူတန်းစားအိမ်ထောင်စု ၁ သိန်းကျော်ကို ကျပ်သိန်း ၃၀၀၀၀ ကျော် ထောက်ပံ့မည်
Donate to DVB

မွန်ပြည်နယ်က အခြေခံလူတန်းစား အိမ်ထောင်စု ၁ သိန်းကျော်ကို ငွေကျပ် သိန်း ၃၀၀၀၀ ကျော် ထောက်ပံ့ပေးသွားမယ်လို့ မွန်ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်ဇင်ဦးက DVB ကို ပြောပါတယ်။ 

အခြေခံလူတန်းစား အိမ်ထောင်စုတွေကို ငွေကြေးထောက်ပံ့ရာမှာတော့ နေအိမ်အတွင်း နေထိုင်ဖို့ Stay at Home ထုတ်ပြန်ထားတဲ့ အိမ်ထောင်စု ၁ စုကို ကျပ် ၄၀၀၀၀ နှုန်း ထောက်ပံ့ပေးသွားမှာဖြစ်ပြီး မော်လမြိုင်နဲ့ ဘီးလင်းမြို့နယ်က အခြေခံလူတန်းစား အိမ်ထောင်စုတွေ ရရှိမှာ ဖြစ်ပါတယ်။ 

နေအိမ်အတွင်း နေထိုင်ဖို့ Stay at Home မကြေညာထားတဲ့ ကျန်မြို့နယ် ၈ မြို့နယ်ရှိ အိမ်ထောင်စုတွေကတော့ အိမ်ထောင်စု ၁ စုကို ငွေကျပ် ၂၀၀၀၀ နှုန်း ရရှိမှာ ဖြစ်ပါတယ်။ 

ထောက်ပံ့ပေးမယ့် ငွေကြေးတွေကိုတော့ နိုဝင်ဘာ ၁၆ ရက်နေ့ကစပြီး ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ 

မွန်ပြည်နယ်မှာတော့ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို ပြီးခဲ့တဲ့ သင်္ကြန်ကာလကတည်းက စတင်ထောက်ပံ့လာတာ ဖြစ်ပြီး အခုဆိုရင် ၆ ကြိမ်မြောက် ထောက်ပံ့တာလည်း  ဖြစ်ပါတယ်။   

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013