DVB Logo
Home
မြန်မာသတင်း
အနာဂတ်၌ တိုင်းရင်းသားလူမျိုးစုများ၏ဆန္ဒ အလေးထားလုပ်မည်ဟု အန်အယ်လ်ဒီ ကတိပြု
DVB
·
November 12, 2020
အနာဂတ်၌ တိုင်းရင်းသားလူမျိုးစုများ၏ဆန္ဒ အလေးထားလုပ်မည်ဟု အန်အယ်လ်ဒီ ကတိပြု
Donate to DVB

တိုင်းရင်းသားပါတီတွေရဲ့ ရည်မှန်းချက်တွေဟာ အဖွဲ့ချုပ် ရည်မှန်းချက်တွေနဲ့ တူညီတာကြောင့် နောက်လာမယ့် အနာဂတ်မှာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဆန္ဒတွေကို အလေးထားဆောင်ရွက်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောကြားလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်က "နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ" နဲ့ ပတ်သက်ပြီး တိုင်းရင်းသားနိုင်ငံရေးပါတီ ၃၉ ပါတီကို ဒီနေ့ညနေ စာပေးပို့ ပြောကြားလိုက်တာပါ။

တိုင်းရင်းသားပါတီတွေဟာ နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ မိမိတို့ ပြည်နယ်အသီးသီးမှာ တက်ကြွစွာ ပါဝင်ဆင်နွှဲခဲ့ကြတာကို သတိမူမိပြီး အချို့ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီအချို့ ကျေနပ်ဖွယ် ရလဒ်ရခဲ့ကြပေမဲ့ တချို့ပါတီတွေက ရည်မှန်းချက်အတိုင်း မဖြစ်လာကြဘူးလို့ ဆိုပါတယ်။

ဘယ်လိုအခြေအနေ ရောက်သည်ဖြစ်စေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နောက်အနာဂတ်မှာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု မမှိတ်မသုန် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၁။ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ

၂။ ကယန်းအမျိုးသားပါတီ

၃။ ကရင်ပြည်သူ့ပါတီ

၄။ တအာင်း(ပလောင်) အမျိုးသားပါတီ

၅။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ

၆။ ဖလုံ -  စဝေါ် ဒီမိုကရက်တစ်ပါတီ

၇။ ကမန်အမျိုးသား တိုးတက်ရေးပါတီ

၈။ ခမီအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ

၉။ မြိုတိုင်းရင်းသားပါတီ

၁၀။ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေ;ပါတီ

၁၁။ အရှိုချင်းအမျိုးသားပါတီ

၁၂။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်

၁၃။ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ

၁၄။ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

၁၅။ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ

၁၆။ ကချင်အမျိုးသားကွန်ဂရက်ပါတီ

၁၇။ ထားဝယ်တိုင်းရင်းသားများပါတီ

၁၈။ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်  (ပ.အ.မ.ဖ)ပါတီ

၁၉။ ရခိုင်အမျိုးသားပါတီ

၂၀။ ခူမီး(ခမီး)အမျိုးသားပါတီ

၂၁။ ကရင်အမျိုးသား ပါတီ

၂၂။ မြိုအမျိုးသားဒီမိုကရေစီပါတီ

၂၃။ ဓနုအမျိုးသားများအဖွဲ့ချုပ် ပါတီ

၂၄။ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ [Shan-ni Solidarity Party(SSP)]

၂၅။ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ

၂၆။ အာခါအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ

၂၇။ ဇိုတိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးပါတီ

၂၈။ အမျိုးသမီးပါတီ (မွန်)

၂၉။ ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ

၃၀။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

၃၁။ ရခိုင့်ဦးဆောင်ပါတီ [Arakan Front Party(AFP)]

၃၂။ ကချင်ပြည်နယ်ပြည်သူ့ပါတီ [Kachin State People`s Party(KSPP)]

၃၃။ ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(Chin National League For Democracy Party)

၃၄။ မွန်ညီညွတ်ရေးပါတီ (Mon Unity Party)

၃၅။ ချင်းတိုင်းရင်းသားများပါတီ [Chin National Party (CNP)

၃၆။ ဒီမိုကရေစီပါတီသစ်(ကချင်) [New Democracy Party (Kachin)] [N.D.P (Kachin)

၃၇။ နာဂအမျိုးသားပါတီ [Naga National Party (NNP)

၃၈။ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party)

၃၉။ ကချင်အမျိုးသားပါတီ (Kachin National Party)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013