
နယူးကာဆယ်အသင်းဟာ အသင်းရဲ့အနာဂတ်အတွက် အဆုံးအဖြတ်ပေးမဲ့ ထိပ်သီးအစည်းအဝေး ကို မက်ဖန်ဟော ဟိုတယ်မှာ ပြုလုပ်ခဲ့ပြီး နည်းပြ အက်ဒီဟောင်းရဲ့ အနာဂတ်ကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။
အဆိုပါအစည်းအဝေးမှာ ကွင်းအသစ်တည်ဆောက်ရေးနဲ့ စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းကို အဆင့်မြှင့်တင်ရေးကိစ္စရပ်တွေအပြင် ရလဒ်ပိုင်း ကျဆင်းနေတဲ့ နည်းပြ အက်ဒီဟောင်းရဲ့ အနာဂတ် ကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြတာပါ။
အယ်လ်-ရူမိုင်ယန်ဟာ LIV Golf လုပ်ငန်းတွေကနေ နုတ်ထွက်ခဲ့ပေမဲ့ နယူးကာဆယ်အသင်းအပေါ် ထားရှိတဲ့ PIF ရဲ့ ရင်းနှီးမြှုပ်နှံမှုမှာ ပိုမိုခိုင်မာလာကြောင်းနဲ့ အသင်းရဲ့အနာဂတ်အတွက် အပြည့်အဝ ကတိပြုထားတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
အဆိုပါ အစည်းအဝေးကို အသင်းပိုင်ရှင်တယောက်ဖြစ်တဲ့ ဂျေမီရူးဘင်နဲ့ စီအီးအို ဒေးဗစ်ဟော့ကင်ဆန်တို့လည်း တက်ရောက်ခဲ့ကြပြီး အယ်လ်-ရူမိုင်ယန်အနေနဲ့ နယူးကာဆယ်နဲ့ ဘရိုက်တန်တို့ စနေနေ့မှာ မကစားမီအထိ ၂ ရက်ကြာ ဆက်တိုက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
Photo: Reuters











