DVB Logo
Home
မြန်မာသတင်း
ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူအနိုင်ရကြောင်း ကော်မရှင်အတည်ပြုထုတ်ပြန်
DVB
·
November 10, 2020
ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူအနိုင်ရကြောင်း ကော်မရှင်အတည်ပြုထုတ်ပြန်
Donate to DVB

နိုဝင်ဘာ ၈ ရက်နေ့ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူဟာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်ညမှာ တရားဝင်အတည်ပြုထုတ်ပြန်လိုက်ပါတယ်။  

ဦးဟင်နရီဗန်ထီးယူဟာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်းအဖြစ်  ချင်းပြည်နယ် အမှတ် (၁၀) ကနေဝင်ရောက်ယှဉ်ပြိုင်ရာမှာ ခိုင်လုံမဲ အရေအတွက် ၁၅၄၉၂ မဲ ရာခိုင်နှုန်းအားဖြင့် ၅၇ ဒသမ ၉၁ ရာခိုင်နှုန်းနဲ့ ပြိုင်ဘက်တွေကို မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တာပါ။

အလားတူ ချင်းပြည်နယ်အမျိုးသားလွှတ်တော် အမှတ် (၁) မှာလည်း အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးဟန်ခန့်လျန်း၊ အမှတ် (၂) မှာ အန်အယ်လ်ဒီက ဦးထန်ဒိုးကျင့်၊ အမှတ် (၆) မှာ အန်အယ်လ်ဒီက ငိုင်းတမ်မောင်း၊ အမှတ် (၁၁) မှာအန်အယ်လ်ဒီက ဒေါက်တာ အေးအေးငွန် နဲ့ အမှတ် (၁၂) မှာ အန်အယ်လ်ဒီက  ဦးငွန်ဝုန်းတို့ အနိုင်ရပါတယ်။

ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ပြည်သူ့လွှတ်တော်နေရာအတွက် မဲရလဒ်တွေမှာတော့ တီးတိန်မြို့နယ် အန်အယ်ဒီ ကိုယ်စားလှယ်လောင်း ဦးပြောင်ဆွင်းမုန်က မဲအများစုနဲ့ အနိုင်ရပြီး ထန်တလန်မြို့နယ်မှာ အန်အယ်လ်ဒီက ဦးစီဇာကျုံး၊ ဟားခါးမြို့နယ်မှာ အန်အယ်လ်ဒီက ဦးတီလ်လိန်း၊ မင်းတပ်မြို့နယ်မှာ အန်အယ်လ်ဒီက  ဦးနေလင်းအောင်တို့ အသီးအနိုင်ရပါတယ်။

ချင်းပြည်နယ်လွှတ်တော်မှာတော့ တီးတိန်မဲဆန္ဒနယ် (၁) မှာ အန်အယ်လ်ဒီက ဦးထန်သွင်းပေါင် ၊ အမှတ် (၂) မှာ အန်အယ်လ်ဒီက  ဦးမန်ဟင်းဒါးလ် ၊ ထန်တလန် မဲဆန္ဒနယ်  (၁) မှာ အန်အယ်လ်ဒီက  ဦးချန်ဟမ်း၊ ထန်တလန် မဲဆန္ဒနယ် (၂)မှာ အန်အယ်လ်ဒီက  ဒေါ်နီရွှေလျန်၊  ဟားခါး မဲဆန္ဒနယ် (၁)မှာ အန်အယ်လ်ဒီက  ဦးထန်ကျုံး (ခ) ဆန်နီဇာဟိုး၊ ဟားခါး မဲဆန္ဒနယ် (၂) မှာတော့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးရှန်မန်း၊ မင်းတပ်မဲဆန္ဒနယ် (၁) မှာ အန်အယ်လ်ဒီက  ဦးထန်းချွမ်ဖေ၊  မင်းတပ်မဲဆန္ဒနယ် (၂ )မှာ အန်အယ်လ်ဒီက  ဦးဟုန်းနိုင်းတို့ အသီးသီးအနိုင်ရပါတယ်။ 

ပြည်နယ်ရေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအုပ်နောလ်က “မင်းတပ်မှာ ၄ နေရာလုံး အတည်ပြုနိုင်ပြီ။ ဟားခါးမှာတော့ အမျိုးသားလွှတ်တော် ၂ နေရာအတွက်ပဲ အတည်ပြုလို့ရသေးတယ်။ အားလုံးက အန်အယ်လ်ဒီကပါ။ ပြည်ထောင်စုကိုလည်း ပို့လိုက်ပါပြီ” လို့ ပြောပါတယ်။

မင်းတပ်မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် ၂ နေရာ၊ ဟားခါးမြို့နယ်ရဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁ နဲ့ ၂ တို့အတွက် အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။

တွန်းဇံမြို့နယ်မှာတော့  မနေ့က မဲရလဒ်တွေ စာရင်းသွင်းရာမှာ လက်ရှိပြည်နယ်လူမှုရေးဝန်ကြီး ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်နဲ့ အန်အယ်လ်ဒီကိုယ်စားလှယ်တို့အတွက် မဲရလဒ်ဟာ မဲပေးခွင့်ရှိသူအရေအတွက်ထက် ၄၆၀၀ ကျော်ပိုနေခဲ့ပါတယ်။ ဒါဟာ စာရင်း ၂ ကြိမ် သွင်းမိတာတွေကြောင့် ဖြစ်သွားပြီး ပြန်ပြင်ဆင်ထားပြီလို့ ပြည်နယ်ရေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။

ဓာတ်ပုံ- သမ္မတရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013