DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲရလဒ် မဲစာရင်း ပုံစံ(၁၉)ကို လက်မှတ်မထိုးရန်ညွှန်ကြားထားဟု ကြံ့ခိုင်ရေးပါတီ အတည်ပြု
DVB
·
November 10, 2020
ရွေးကောက်ပွဲရလဒ် မဲစာရင်း ပုံစံ(၁၉)ကို လက်မှတ်မထိုးရန်ညွှန်ကြားထားဟု ကြံ့ခိုင်ရေးပါတီ အတည်ပြု
Donate to DVB

ရွေးကောက်ပွဲ အနိုင်အရှုံးရလဒ် မဲစာရင်း ပုံစံ(၁၉) မှာ လက်မှတ်မထိုးဖို့ ညွှန်ကြားချက်ဟာ ပါတီရုံးချုပ်က တရားဝင်ညွှန်ကြားထားတာဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယမင်းမြင့်ဆွေက ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေရဲ့ မဲစာရင်းပုံစံ(၁၉)တွေကို လက်မှတ်ရေးထိုးခြင်းမပြုဖို့နဲ့ ကန့်ကွက်တောင်းဆိုဖို့ဆိုပြီး ကြံ့ခိုင်ရေးပါတီက နိုဝင်ဘာ ၉ ရက်နေ့စွဲနဲ့ အထွေထွေအတွင်းရေးမှူး ကိုယ်စားဌာနချုပ်မှူး လက်မှတ်ထိုးထားတဲ့ ညွှန်ကြားချက် လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာဖြစ်ပါတယ်။ 

ဒီညွှန်ကြားချက်နဲ့ပတ်သက်ပြီး ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယမင်းမြင့်ဆွေက “တကယ်ညွှန်ကြားထားပါတယ်။ ကျမလည်း မနေ့ကတစ်နေကုန် ရုံးချုပ်ကို မသွားဘူးလေ။ ဒါရုံးချုပ်က ထုတ်တဲ့စာဖြစ်တဲ့အတွက် ဒီနေ့တော့ ရုံးမှာ မေးကြည့်လိုက်တဲ့အခါမှာ မှန်ပါတယ်၊ ဒီသတင်းမှန်ပါတယ် ” လို့ ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်က ကျင်းပပြီးစီးသွားတဲ့ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိနေတဲ့အတွက် ထွက်ပေါ်နေတဲ့ မဲရလဒ်တွေကို လက်ခံဖို့ ခဲယဉ်းတယ်လို့ ဆိုပါတယ်။ 

ဒီဖြစ်စဉ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြန်လည်စိစစ်ပြီး  ပွင့်လင်းမြင်သာအောင် ဆောင်ရွက်ပေးမှသာ လက်ခံနိုင်မယ်လို့ ပြောပါတယ်။

“ဒါကြောင့်မို့လို့ နေရာတိုင်းမှာပဲ တိုင်းနဲ့ ပြည်နယ်တွေရော၊ နေပြည်တော် ပြည်ထောင်စု နယ်မြေမှာရော ဒီဖြစ်စဉ်တွေ အကုန်လုံးဖြစ်နေတယ်။ ဒါကြောင့် ဖြစ်စဉ်ဖြစ်ရပ်တိုင်းက ဒီမဲပုံး ထဲမှာရှိနေတဲ့မဲတွေသည် ဥပမာ ဘယ်လို ပေးရမလည်းဆိုရင် နတ်သုဓာထဲကို မစင်တစ်စက်ကျတဲ့ ပုံစံမျိုးပေါ့။ မဲမသမာမှုတစ်ခု ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ရင်တောင်မှ ဒီမဲမသမာမှုဖြစ်ခဲ့တဲ့ဖြစ် စဉ်ကြောင့် အဲမဲတပြား မဲပုံးထဲကိုရောက်သွားရင် မဲ ၁၀၀ ဖြူစင်တဲ့မဲ ရှိနေပါစေ တစ်မဲ မသမာတဲ့မဲ တစ်ခုရှိသွားလို့ရှိရင် အဲ မဲပုံးတစ်ခုလုံးက သန့်ရှင်းတဲ့မဲလို့ ပြောဖို့ခဲယဉ်းတယ်။ ပြောလို့ မရဘူးပေါ့နော် ” လို့ ဒေါ်ယမင်းမြင့်ဆွေက ဆိုပါတယ်။

တချို့နေရာတွေမှာ ပုံစံ(၁၉)ကို လက်မှတ်ထိုးပေးလိုက်တာဟာ ပြေလည်လို့ ထိုးပေး လိုက်တာမျိုးမဟုတ်ဘဲ အကြောင်းကြောင်းကြောင့် ထိုးပေးလိုက်တာတွေ ဖြစ်တယ်လို့ ပြောပါတယ်။

“တချို့ကတော့ ထိုးမိတာက ဒီစာက နေ့ခင်းလောက်မှ ထွက်တဲ့အနေအထားရှိတယ်။ ရွေးကောက်ပွဲကို တချို့စောစော ပြီးတဲ့နေရာတွေမှာ ပုံစံ(၁၉) စောစောထွက်တဲ့နေရာတွေမှာ ကြတော့ တချို့ကလည်း ကိုယ်စားလှယ်လောင်းက ထိုးပေးလိုက်ဆိုပြီးတော့ သူ့ရဲ့ သဘောတူညီ ချက်နဲ့ ထိုးပေးလိုက်တာမျိုးတွေရှိတယ်။ ပြောလည်လို့ ထိုးပေးကြတာတွေ မဟုတ်ဘူး။ ဘာလို့ဆို ဒီဥစ္စာကလေ အများနဲ့လုပ်ရတာ တခြားပါတီတွေလည်းရှိတယ်လေ။ ဒီဟာအပေါ်မှာ အတိုက်အခံ ပါတီ တွေဖြစ်တဲ့အတွက် လက်မှတ်ထိုးပေးဖို့ အချက်အလက်တွေ လိုအပ်တယ်ဆိုတဲ့ ကိစ္စမျိုးတွေနဲ့ ဒီလိုမျိုးပူးပေါင်းပါဝင်ရမယ့် ကိစ္စတွေရှိနေတဲ့အတွက် ကိုယ်က မထိုးပေးဘဲနဲ့နေလိုက်ရင် ကိုယ့် အတွက် အနှောင့်အယှက်ဖြစ်ရတဲ့ကိစ္စမျိုးတွေက ပေါ်တယ်။ အဲတော့ ဒီလက်မှတ်ထိုးပေးလိုက်တဲ့ သူတွေလည်း ရှိတယ်။ လက်မှတ်ထိုးပေးခြင်းအပေါ်မှာတော့ ကျေနပ်လို့ ထိုး ပေးတယ်ဆိုတဲ့ အဓိပ္ပာယ်တော့မဟုတ်ဘူးပေါ့။ အကြောင်းကြောင်းတွေကြောင့် ထိုးပေးလိုက်တဲ့နေရာတွေ ရှိတယ်။နောက်ပိုင်းတော့ ကျွန်မတို့ပါတီရဲ့ မူဝါဒထွက်လာတဲ့အတွက် အဲအခြေအနေမှာ မထိုးရသေးတဲ့ တချို့မဲဆန္ဒနယ်တွေမှာတော့ မ ထိုးကြဘူးပေါ့နော် ” လို့ ဆိုပါတယ်။

မဲမသမာမှုတွေနဲ့ပတ်သက်လို့ ရရှိလာတဲ့အချက်အလက်တွေပေါ်မူတည်ပြီး ဥပဒေလုပ်ထုံး လုပ်နည်းနဲ့အညီ ရွေးကောက်ပွဲ ကော်မရှင်အဆင့်ဆင့်ကို တင်ပြသွားမှာဖြစ်တယ်လို့ ဒေါ်ယမင်းမြင့်ဆွေက ပြောပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013