DVB Logo
Home
မြန်မာသတင်း
နောင်ချိုတွင် ငွေကျပ် ၂၅၈၈ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
November 10, 2020
နောင်ချိုတွင် ငွေကျပ် ၂၅၈၈ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
Donate to DVB

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်မှာ ငွေကျပ် ၂၅၈၈ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့  မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက နိုဝင်ဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီခွဲလောက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးသွားကားလမ်း၊ အိုရီယမ်တယ် တိုးဂိတ်အနီးမှာ မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေရာက မူးယစ်ဆေးတွေ ဖမ်းဆီးမိခဲ့တာပါ။

သီပေါမြို့ဘက်မှ မန္တလေးမြို့ဘက် ညီညီထွန်း မောင်းနှင်လာတဲ့ HYUNDAI PORTER II အမျိုးအစား မော်တော်ယာဉ်ပေါ်ကနေ ဖွဲနုအိတ်တွေအတွင်း ထည့်သွင်းသယ်ဆောင်လာတဲ့ ကျပ်သိန်း ၁၄၀၀ လောက်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀၀၀ ပြား၊ ဆပ်ပြာခွက်တွေနဲ့ထည့်ထားတဲ့ ကျပ် ၁၁၈၈ သိန်း တန်ဖိုးရှိ  ဘိန်းဖြူအလေးချိန် ၇.၉၂ ကီလို၊ မြန်မာငွေကျပ် ၁.၅ သိန်းနဲ့ လက်ကိုင်ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ 

နောင်ချိုမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့်အရေးယူပြီး ကွင်းဆက်တွေ ဖော်ထုတ် စစ်ဆေးနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013