အပူပိုင်းမုန်တိုင်းအီတာကြောင့် ဖလော်ရီဒါပြည်နယ်တွင် ရေကြီး
DVB
·
November 10, 2020

အပူပိုင်းမုန်တိုင်း အီတာကြောင့် နိုဝင်ဘာ ၉ ရက်က အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့က လူနေရပ်ကွက်တွေနဲ့ လမ်းတွေမှာ ရေမြုပ်နေပါတယ်။
လူနေသိပ်သည်းတဲ့ ဒေသတလျှောက် ကားတွေ သောင်တင်နေပြီး ရပ်ကွက်တွေ ရေမြုပ်ကုန်ပါတယ်။
အီတာမုန်တိုင်းဟာ နိုဝင်ဘာ ၈ ရက် သန်းခေါင်မတိုင်ခင်မှာ ဖလော်ရီဒါပြည်နယ် တောင်ပိုင်းစွန်းကနေ ကုန်းတွင်းကို ဝင်ရောက်လာခဲ့တာပါ။
အားကောင်းတဲ့ အပူပိုင်းမုန်တိုင်း အီတာဟာ လေတိုက်နှုန်း ၁ နာရီ ၆၅ မိုင်နှုန်းနဲ့ ဖလော်ရီဒါမှာ တိုက်ခတ်ခဲ့တာပါ။
အီတာဟာ အမေရိကန်ကို မရောက်ခင် အလယ်အမေရိကနိုင်ငံတလွှား ဖြတ်သန်း တိုက်ခတ်လို့ မိုးကြီး မြေပြိုပြီး အပျက်အစီးတွေ အများအပြား ဖြစ်ခဲ့ပါတယ်။
မုန်တိုင်းဟာ နိုဝင်ဘာ ၉ ရက် ညပိုင်းမှာ အားပျော့ နှေးကွေးလာမယ်လို့ ယူဆထားကြောင်း အမေရိကန် အမျိုးသားဟာရီကိန်းစင်တာ အကြံပေးအဖွဲ့က ပြောထားပါတယ်။