DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ် လဝကဝန်ကြီး တနိုင်းမြို့နယ်တွင် ပြန်အနိုင်ရ
DVB
·
November 9, 2020
ကချင်ပြည်နယ် လဝကဝန်ကြီး တနိုင်းမြို့နယ်တွင် ပြန်အနိုင်ရ
Donate to DVB

ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး  ဦးဇော်ဝင်းဟာ  ၂၀၂၀ ရွေးကောက်ပွဲမှာ တနိုင်းမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ပြီး ထပ်မံအနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။


ဝန်ကြီး ဦးဇော်ဝင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ကချင်ပြည်နယ်လွှတ်တော်နေရာအတွက်  တနိုင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ကနေ ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။ 


ခိုင်လုံမဲရလဒ် ၄၃၂၂ မဲနဲ့  ပြိုင်ဘက်ပါတီကိုယ်စားလှယ်လောင်းတွေကို အနိုင်ရရှိခဲ့တာဖြစ်ပြီး   ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း  ဦးစိမ်းယုံဟာကတော့  ၂၆၄၁ မဲရရှိတယ်လို့  ဝန်ကြီး ဦးဇော်ဝင်းကပြောပါတယ်။


ဝန်ကြီးဦးဇော်ဝင်းဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း တနိုင်းမြို့နယ်မှာပဲ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။


သတင်း- မီးမီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013